နိရဉ္စရာ | ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လယ်သမား တချို့မှာ ၎င်းတို့ပိုင် လယ်မြေများကို စစ်တပ်က တဖန် ပြန်ဌားပြီး လုပ်ကိုင်နေရသည်ဟု လယ်သမား တဦးက ပြောသည်။
သူက “ကျွန်တော်တို့ဆီက လယ်တွေကို စစ်တပ် အဆောက်အဦးတွေ ဆောက်မယ် ဆိုပီး ငွေအပြား တချပ်မှ လျော်ကြေးမပေးဘဲ သိမ်းယူ သွားပါတယ်။ နောက်တော့ အဆောက်အဦးလည်း ဆောက်တာ မဟုတ်ဘူး။ လယ်ကိုလည်း မူလပိုင်ရှင်တွေလက်ကို ပြန်မပေးဘူး။ ပိုင်ရှင်တွေ အနေနဲ့ လယ်တွေကို သူတို့ဆီက ဌားရမ်း လုပ်ကိုင်နေရပါတယ်” ဟု ပြောသည်။
လယ်တဧကကို စပါး (၈) တင်းနုန်းဖြင့် ပြန်ဌားရမ်းရပြီး စပါးမပေးသွင်းက စစ်တပ်က ဌားရမ်းခွင့်မပေးဘဲ ထားသည်ဟု သိရသည်။
ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့နေရသော လယ်သမားများမှာ မင်းပြားမြို့နယ် တိုက်ကုန်း၊ တုတ်ပင်နွယ်၊ စာရေးကြီး၊ ဇီးခေါင်းစသည့် ကျေးရွာများမှ ဖြစ်ကြသည်။
သိမ်းယူထားခံရသော လယ်မြေဧက ၁၀၇ ဧက ရှိပြီး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော လယ်မြေများ ဖြစ်သည်။
“ကျွန်တော်တို့က တပ်မမှူး အောင်မြှင့်ကို လယ်တွေ ပြန်ပေးဖို့ အသနားခံပေမယ့် ပြန်မပေးပါဘူး။ လယ်သမားတွေကို သနားတဲ့ အတွက် သိမ်းပိုက်ခံထားရတဲ့ လယ်တွေကို စစ်တပ်က စပါးပေးပြီး ပြန်ဌားပြီး စပါးနိုင်တယ်ဆိုပြီး ပြောပါတယ်” ဟု သူက ဆက်ပြောသည်။ လယ်မြေများကို သိမ်းပိုက်ပြီး တဖန် လယ်သမားများကို အခကြေးငွေ ယူပြီး ဌားရမ်းနေသော တပ်ရင်းမှာ မင်းပြား အခြေစိုက် ခမရ ၃၀၉ ဖြစ်ကြောင်း သိရသည်။
source by : http://www.narinjara.com/detailsbur.asp?id=1697
မိမိလယ်မြေ စစ်တပ်က စပါးပေးပြီး ပြန်ဌားရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment