ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည် မြန်မာ ရိုဟင်ဂျာပြဿနာရှောင်နေဟု စွပ်စွဲခံရ

Saturday, February 28, 2009 ·

NEJ | ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေသည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာ လာခဲ့ သော်လည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာစစ်အစိုးရ ဖြေရှင်းရမည်ဟု မလေးရှားက တောင်းဆိုထားမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုင်းနိုင်ငံ လာရောက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝ အာဏာရပြီး ပထမဆုံးအကြိမ် လာရောက်သည့် မြန်မာစစ်အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။

ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်လာသည့် အလျောက် မြန်မာစစ်အစိုးရဘက်က တစုံတရာ ဖြေရှင်းစေလိုကြောင်း ယမန်နေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဒါတွတ် ဆရီ ဒေါက်တာ ရေစ့်ယာတင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပင်လယ်မျော ရိုဟင်ဂျာများ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာစစ်အစိုးရဘက်က ပြဿနာကို ရှောင်ရှားနေပုံရသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရအား ပြောဆိုရာတွင် အင်ဒိုနီးရှား နှင့် မလေးရှား ပူးပေါင်းသင့်သည်ဟုပါ ဒေါက်တာရေစ့်က ဆက်လက် ပြောဆိုသည်။

“မြန်မာစစ်အစိုးရ နားလည်ထားရမှာက ဒီပြဿနာဟာ မြန်မာ ပြဿနာဖြစ်သလို ကျနော်တို့ တတွေရဲ့ ပြဿနာလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အားပေး ခံရတယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် တကယ့်အဖြစ်အပျက်ကို ကျနော်တို့ မသိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆို စေချင်ပါတယ်” ဟု ဒေါက်တာရေစ့်က ပြောသည်။

မြန်မာစစ်အစိုးရဘက်မူ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မယူဆသော်လည်း ပင်လယ်မျော ရိုဟင်ဂျာများ အနက် မြန်မာနိုင်ငံမှာ မွေးဖွားသူများဖြစ်ကြောင်း၊ အထောက်အထားပြနိုင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဖို့ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာာဆစ်က အာဆီယံ အစည်းဝေး၌ သတင်းထောက် များကို ပြောသည်။

source by : http://www.khitpyaing.org/news/February_09/27-2-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */