ဗုဒ္ဓတက္ကသိုလ်များညီလာခံ ဒုတိယအကြိမ်ကျင်းပမည် မြန်မာရဟန်းများ ပြည်ပသို့ ၀ိပဿနာ သင်တန်းပို့ချ ခွင့်ရ

Tuesday, February 24, 2009 ·

NEJ | စစ်ကိုင်း သီိတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ လာမည့်မတ်လ (၅) ရက်တွင် ဒုတိယအကြိမ်မြောက် ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ ညီလာခံ ကျင်းပသွားမည်ဖြစ်ရာ အဖွဲ့ဝင် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ပညာသင် စေလွတ်နိုင်မှုစသည့် အကျိုးတရားများ ရရှိမည် ဖြစ်ကြောင်း သီတဂူသာသနာပြုအဖွဲ့မှ ဒေါက်တာအရှင်ကိတ္တိဗလက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း၊ ယင်းညီလာခံအပြီးတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ သက်တော် (၇၂) နှစ်ပြည့် ၀ိဇာတ မင်္ဂလာအခမ်းအနားကိုလည်း မတ် (၉) ရက်တွင် တဆက်တည်း ကျင်းပသွားဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံ မစတင်မီ သီတဂူတက္ကသိုလ်မှ ဘီအေဘွဲ့ရ သံဃာတော်များကို ဘွဲ့တံဆိပ် ဆက်ကပ်ကာ မွန်းလွဲပိုင်းတွင် ညီလာခံ စတင်မည်ဖြစ်သည်။ (၃) ရက်တိုင်တိုင် ကျင်းပမည့် ယင်းညီလာခံတွင် -
(၁) လူမှုအကျိုးပြု လုပ်ငန်း၌ ပါဝင်ပတ်သက်သော ဗုဒ္ဓသာသနာ
(၂) ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများရှိ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ အခြေအနေ
(၃) ထေရ၀ါဒနိုင်ငံများရှိ သံဃာတော်များအကြောင်း
(၄) ၁၉ ရာစု နှောင်းပိုင်းမှစ၍ ပါဋ္ဌိစာပေ တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို အဓိကထားဆွေးနွေးသွားကြမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များအဖွဲ့ကို ၂၀၀၇ ခုနှစ် မတ်လတွင် ရန်ကုန်နှင့် ပုပ္ပါး၌ ဖွဲ့စည်းခဲ့ရာမှ အစပြုကာ (၂) နှစ် တကြိမ်ကျင်းပမည့် ယင်းညီလာခံ ပေါ်ထွန်းလာခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့ကို ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ တခုနှင့် တခု ပေါင်းစည်းမိရေးနှင့် အပြန်အလှန် ဆက်ဆံနိုင်ရေးတို့အတွက် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ကြောင်း ဒေါက်တာအရှင်ကိတ္တိဗလက မိန့်ကြားသည်။ ပထမအကြိမ် ဗုဒ္ဓတက္ကသိုလ်များ ညီလာခံနောက်ပိုင်း မည်သည့်အချက်များ အကောင်အထည် ဖော်နိုင်ခဲ့ပါသနည်းဟု ခေတ်ပြိုင်မှ လျှောက်ထားမေးမြန်းရာ ဆရာတော် အရှင်ကိတ္တိဗလက ယခုကဲ့သို့ ထပ်မံရှင်းပြသည်။

“တက္ကသိုလ်တခုမှာ အားသန်ရာအားသန်ရာ အထူးပြုဘာသာရပ်တွေ ရှိကြပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံက ရဟန်း၊ သံဃာတွေက အဘိဓမ္မာပိုင်း၊ ၀ိပဿနာပိုင်း ပိုပြီးကျွမ်းကျင်တယ်လို့ ဆိုရမှာပေါ့။ အဲဒါကို လိုအပ်တဲ့ တက္ကသိုလ်တွေက သင်ပြဖို့ကမ်းလှမ်းလာရင် သွားပြီး သင်ပေး ကြရတယ်။ အပြန်အလှန်ပေါ့လေ။ အဲလို teaching exchange လုပ်တာ ထိုင်း၊ မြန်မာ၊ အိန္ဒိယ တို့ အကြားမှာ လုပ်နိုင်ခဲ့ပါတယ်။ နောက်တခုက အင်ဒိုနီးရှား၊ ကမ္ဘောဒီယားလို နိုင်ငံတွေမှာ ရဟန်းသံဃာ အရေအတွက်နည်းတော့ သူတို့ကို ဘယ်လို ကူညီဆောင်ရွက် ပေးနိုင်မလဲ။ ဒါမျိုးလေးတွေ အပြန်အလှန် ဆွေးနွေးဆောင်ရွက်နိုင်အောင် လုပ်ခဲ့ကြတာပါ” ဟု ဒေါက်တာအရှင် ကိတ္တိဗလက ရှင်းလင်းမိန့်ဆိုသည်။

ထို့ပြင် သီိတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရပြီးသည့် မြန်မာရဟန်းတော်တပါးအနေနှင့် ဘွဲ့လွန် သင်တန်းများ အတွက် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ အဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံမှ တက္ကသိုလ်များသို့ ပညာဆက်လက် သင်ကြားခွင့် ရရှိကြမည်ဖြစ်သည်။

source by : http://www.khitpyaing.org/news/February_09/24-2-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */