NEJ | မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှ အ၀ယ်လိုက်နေသည့် အတွက် ဇန်န၀ါရီလမှစပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက်နေသည်ဟု အာရှဒေသတွင်းရှိ ဆန်ကြိုရောင်းကြိုဝယ်သမားများက ပြောသည်။
ဗီယက်နမ်ဆန်က တတန်ကို ကန်ဒေါ်လာ (၃၄၈) မှ (၃၅၃) ဒေါ်လာထိ ရောင်းနေချိန်တွင် ဆန်အကျိုး (၂၅) ရာနှုန်းပါသည့် မြန်မာဆန်ကို တတန် ကန်ဒေါ်လာ (၂၇၀) မှ (၂၈၀) ထိ ချရောင်းသည့်အတွက် ယခုကဲ့သို့ အရောင်းတက်လာခြင်း ဖြစ်သည်ဟုဆို၏။ ၂၀၀၈ ခုနှစ် နာဂစ်မတိုင်ခင် ဧပြီလ မြန်မာဆန်ပြည်ပရောင်းသည့် ပမာဏမှာ တန်ချိန် (၁၀၀,၀၀၀) ၀န်းကျင်ရှိသည်။
ထိုင်းဆန်ပြည်ပပို့သည့်နှုန်း လျှော့ချရန်ပြင်နေချိန်တွင် မြန်မာနှင့် အိန္ဒိယက ပြည်ပဆန်တင်ပို့မှုကို တိုးရန် လျာထားနေသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရဆိုလျှင် ၂၀၀၉ ခုနှစ် အတွက် ကမ္ဘာ့ဆန်ရောင်းဝယ်မှု ပမာဏမှာ တန်ချိန် (၂၉.၅) သန်းသာရှိသည့်အတွက် ၂၀၀၇ ခုနှစ်က မှန်းထားချက်ထက် (၈) ရာနှုန်း ကျဆင်းသွားသည်။
ဆန်ဈေးတက်လာသည့်အချက်၊ ဆန်တင်ပို့မှု ထိန်းချုပ်လာသည့်အချက်တို့ကြောင့် ၂၀၀၇ ခုနှစ်မှစပြီး ကမ္ဘာ့ဆန်ရောင်းဝယ်မှု ပမာဏ ကျဆင်းလာသည်။
ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကို တန်ချိန် (၅၀၀,၀၀၀) လျှော့ချခဲ့သည်။ အဓိကအချက်မှာ ပြိုင်ဘက် ဗီယက်နမ်က ဆန်တိုးပြီး တင်ပို့လာမှာ စိုးရိမ်သည့်အတွက် ဖြစ်သည်။
အမေရိကန်ကလည်း ၂၀၀၉ ခုနှစ်အတွက် ဆန်တင်ပို့မှု (၅၀,၀၀၀) လျှော့ချသည်။ သို့သော် ထိုလျှော့ချသည့် ပမာဏမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၀၀,၀၀၀) တိုးပြီး တန်ချိန်စုစုပေါင်း (၅၀၀,၀၀၀) ထိ တင်ပို့မည့်အ ချက်၊ အိန္ဒိယကလည်း ဆန်တိုးပြီး တင်ပို့မည့်အချက်တို့ကြောင့် ပြန်ထေမိသွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
source by : http://www.khitpyaing.org/news/February_09/13-2-09c.php
ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment