သတင်း NEJ ခေတ်ပြိုင် | အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင် ဦးလွင် ကျန်းမာရေးမကောင်းသည့်အတွက် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတွေ့ဆုံပွဲသို့ မတက်ရောက်နိုင်ဟု ဦးလွင်က ပြောသည်။
ကျန်းမာရေးမကောင်းသည့်အတွက် ၂၀၀၈ ခု ဇွန်လမှစပြီး ရုံးမတက်တော့ကြောင်း ဦးလွင်က ပြောသည်။ ခါးတွင် ချင်ဆီမရှိသည့် အချက်နှင့် လည်ပင်း၌ ကျန်းမာရေး မကောင်းသည့်အချက်များကြောင့် လမ်းမလျှောက်ရန် ဆရာဝန်က အကြံပေးသည့်အတွက် အိမ်တွင်းမှာပင် ဘီးတပ်ကုလားထိုင်ဖြင့် နေရသည်ဟု ဦးလွင်က ပြောသည်။
ဦးလွင်သည် ကျန်းမာရေးမကောင်း၍ ရုံးမတက်နိုင်သော်လည်း အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ယူထားဆဲ ဖြစ်သည်။
မစ္စတာ ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ပထမအကြိမ် စတင်တွေ့ဆုံစဉ်က အမျိုးသားရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးက စသင့်ကြောင်း အန်အယ်လ်ဒီက တင်ပြခဲ့ရာ ဖြစ်နိုင်ခြေက စတင်နိုင်ရန် ကြိုးစားပါမည်ဟုသာ ဂမ်ဘာရီက မတင်မကျ ပြန်ဖြေနိုင်ခဲ့သည်။
ဦးလွင်ကမူ ဂမ်ဘာရီ၏ မြန်မာ့အရေးကြိုးပမ်းမှုကို တချိန်က မြန်မာရေးရာ ကုလအထူးသံတမန် ရာဇာလီကဲ့သို့ အားမရကြောင်း ပြောသည်။
မစ္စတာ ရာဇာလီကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၄ ခု ဧပြီလတွင် ခန့်အပ်ခဲ့သည်။ ထိုစဉ်က မြန်မာနှင့်ပတ်သက်ပြီး ကုလအထွေထွေညီလာခံမှ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၈၆ ကို အကောင်အထည်ဖော်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်ပါ စာသား၌ မြန်မာစစ်အစိုးရအနေဖြင့် ကြိမ်ဖန်များစွာ ကတိပေးထားသည့်အတိုင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွင် ပြည်သူများ ဖော်ထုတ်ခဲ့သည့် ဆန္ဒနှင့်အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရေးအတွက် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်ရန်ဆိုပြီး တိုက်တွန်းထားခဲ့သည်။
မြန်မာ့အရေး (၅) နှစ် ကြိုးစားအပြီး မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတော့သည့်အတွက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူး သံတမန်ရာထူးမှ ရာဇာလီ နုတ်ထွက်ခဲ့သည်။
ဦးလွင် ကျန်းမာရေးမကောင်း ဂမ်ဘာရီနှင့် မတွေ့နိုင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment