မလေးလူမိုက်များက မြန်မာအလုပ်သမားရုံးရှေ့အထိ လာရောက်ရိုက်နှက်

Monday, February 16, 2009 ·

NEJ | မလေးရှားနိုင်ငံ ဆိုင်ဂမ်ဂလို့နယ်ရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အကာကွယ်ပေး ခဲ့ခြင်းကြောင့် မြန်မာအလုပ်သမားအခွင့် အရေးကာကွယ်ပေးရေးကော်မတီ (BWRPC) မှ အလုပ် အမှုဆောင်များကို စက်ရုံပိုင်ရှင်၏ လူမိုက်များက အသင်းရုံးခန်းအထိ ၀င်ရောက်ရိုက်နှက်ခဲ့ကာ အလုပ် အမှုဆောင် များကို မလေးရှားရဲကလည်းခေါ်ယူ စစ်ဆေး လျက်ရှိကြောင်း ကော်မတီမှ အလုပ် အမှုဆောင် တဦးဖြစ်သူ ကိုရဲမင်းထွန်းက ပြောသည်။

အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အလုပ်ခေါ်ယူစဉ်က ကတိပြုထားသော လစာထက် လျော့ပေး မှုကြောင့် ပြဿနာဖြစ်ပွားရာ မြန်မာသံရုံးသို့အကြောင်းကြား တိုင်ကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် (BWRPC) က ၀င်ရောက် ဆောင်ရွက်ပေးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်အလုပ်သမအများဆုံးပါဝင်သော မြန်မာအလုပ်သမများ သည် လစာလျော့ပေးမှု အပြင် အချိန်ပိုခိုင်းစေမှု၊ မတရားဖိနှိပ်မှုများကိုလည်း ခံစားခဲ့ကြရ ကြောင်း ၄င်းတို့က ဆိုသည်။

“ကျနော်တို့ဆီ သူတို့မရောက်လာခင်က မြန်မာသံရုံးကိုသွားတယ်လို့ပြောတယ်။ အဲဒီမှာ အရာရှိ ဒေါ်သီတာ ထင်တယ်။ သူကပြောတယ်။ မင်းတို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာလို့ ပြန်ပြောတယ်တဲ့” ဟု ကိုရဲမင်းထွန်းကပြောသည်။

ထို့နောက် ဖေဖော်ဝါရီ (၁၄) ရက်တွင် အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမ (၁၅) ဦးနှင့် ကိုဖြိုးဆိုသူ အမျိုးသား တဦးတို့ (BWRPC) ရုံး၌ ရှိနေစဉ် စက်ရုံပိုင်ရှင်သူဌေး Mr. Kumar ၏ လူမိုက် (၂၀) က သံတုတ်များ၊ ဓားများဖြင့် ရုံးကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အလုပ်အမှုဆောင် ကိုလင်းလင်းနှင့် ကိုဖြိုးတို့အား ၀ိုင်းဝန်း တိုက်ခိုက် ခဲ့ကြောင်း၊ ကိုဖြိုးကိုလည်း မလေးရှားရဲများ ရှေ့တွင်ပင် လူမိုက်များက ကားပေါ်တင်ခေါ်သွားကြောင်း၊ အလုပ်အမှုဆောင် ကိုရဲမင်းထွန်း ကိုလည်း Ampang ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ကိုဖြိုးအား ဖေဖော်ဝါရီ (၁၅) ရက်တွင် အလုပ်သမများ၏ ပတ်စ်ပို့စာအုပ်များဖြင့် လဲလှယ်ယူခဲ့ရပြီး ဒဏ်ရာရရှိထားသော ကိုဖြိုးအား ကွာလာလမ်ပူ ဗဟိုဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်။ (BWRPC) မှ အလုပ်အမှုဆောင် များကိုလည်း ရဲစခန်းက ခေါ်ယူစစ်မေးလျက်ရှိသည်။

“အခုကျနော် မြို့နယ်ရဲစခန်းကို လိုက်သွားနေရပါတယ်။ ကိုဖြိုးက ခေါင်းကိုထိသွားပြီး သွေးလည်းအန်နေတယ်။ ကျနော်တို့ကို အခုလောလောဆယ် အကူအညီပေးနေတာက ရှေ့နေ Ms. Lattheefa koya နဲ့ Ms.Florida တို့ပါ။ မလေး လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို လည်း အကူအညီ တောင်းထားပါတယ်။ အခုဟာက တဖက်သတ် ခံရတာပါ။ မလေးရှား အစိုးရရဲ့ ဥပဒေကလည်း တဖက်စောင်းနင်းဆန်ပါတယ်။ အလုပ်သမား ဥပဒေနဲ့ လ၀က ဥပဒေဟာ မညီညွတ်တာတွေ ရှိနေတယ်။ အဲဒါတွေကို ၂၀၀၇ -၂၀၀၈ ခုနှစ် ILO ကွန်ဖရင့်မှာ တင်ပြတုန်းကလည်း ဖြေရှင်းဖို့နည်းလမ်းတွေ ရှာပါမယ်ဆိုပြီး၊ ယနေ့အချိန်ထိမရှာသေးဘူး။ ဥပမာပြောရရင် အလုပ်သမားတယောက်ဟာ အလုပ်သမားရုံးမှာ သူ့အလုပ်ရှင်နဲ့ ပြဿနာတက်လို့ သွားတိုင်ထားရင် ရုံးက ဒီအလုပ်ရှင်ကို တရားစွဲဖို့ စီစဉ်နေတဲ့ အချိန်မှာ အလုပ်ရှင်က လ၀ကမှာ ဒီအလုပ်သမားကို ကျနော် မကြိုက်တော့တဲ့ အတွက် သူ့နိုင်ငံကို ပြန်ပို့ပါတယ်ဆိုရင် ပို့လို့ရနေတယ်။ အလုပ်သမားရုံးက တားလို့မရဘူး။ အဲဒီအချက်က လုံးဝမမျှတတဲ့အချက်ကြီး” ဟု ကိုရဲမင်းထွန်းက ဆိုသည်။

မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီတွင် အသင်းဝင် (၈၀၀) ကျော်ရပြီး အလုပ် အမှုဆောင် (၁၉) ဦး ရှိသော်လည်း (၂) ဦးမှာ အလုပ်သမားရေးရာများ ဖြေရှင်းရာတွင် အလုပ်ရှင်များ အဖွဲ့နှင့် ရိုက်ပွဲ ဖြစ်ရခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကာ (၅) ဦးကို လည်း မလေးရှားအာဏာပိုင်များက တရားမ၀င် စာရွက်စာတမ်းကိုင်ဆောင်မှုဖြင့် အရေးယူထားကြောင်းသိရသည်။

source by : http://www.khitpyaing.org/news/February_09/16-2-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */