ပလက်နက် | အန်ဂျလီနာဂျိုလီနှင့် ဘရတ်ပစ်တ်တို့ စုံတွဲသည် မြန်မာနိုင်ငံမှ ကလေးငယ်တစ်ဦးကို မွေးစားရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ နာမည်ကျော် ဟောလီးဝုဒ် ဇနီးမောင်နှံသည် ကုလသမဂ္ဂ အထူး သံတမန်များ အနေနှင့် မြန်မာ-ထိုင်းနယ်နိမိတ်သို့ ယခုလ အစောပိုင်းက လာရောက်လည်ပတ်ခဲ့ပြီး မြန်မာကလေးငယ် တစ်ဦးကို မွေးစားလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့စုံတွဲသည် ကလေး ချစ်တတ်သူများ ဖြစ်ကြပြီး ကမ္ဘာအရပ်ရပ်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ကလေးငယ် (၃)ဦးကိုလည်း တရားဝင်မွေးစားထားသည်။ နော့စ်၊ ဗီဗီယန်ဆိုသည့် သားသမီးအရင်း (၃)ဦးနှင့် မက်ဒေါ့စ်၊ ပက်စ်၊ ဇာဟာရာဆိုသည့် မွေးစားသားသမီး (၃)ဦးတို့ ရှိနေကြသည်။
ဘရတ်ပစ်တ်နှင့် အိန်ဂျလီနာတို့တွင် သားသမီးအရင်း (၃)ဦးနှင့် မွေးစားကလေးငယ် (၃)ဦးတို့ရှိပြီး သက်တံ့ရောင်ကို ကိုယ်စားပြုသည့် ရောင်စဉ်ခုနစ်သွယ် မိသားစု ဖြစ်လာစေရန် ကလေးငယ်(၇)ဦးထိ ရယူလိုကြောင်း မကြာခဏ ပြောလေ့ရှိကြသည်။ အိန်ဂျလီနာအား ဆရာဝန်များက နောက်ထပ်ကလေးမွေးရန် မသင့်လျော်ကြောင်း ပြောကြားထားသဖြင့် မွေးစားကလေးငယ်တစ်ဦး ရှာဖွေရန်သာ စိတ်အားထက်သန်နေသော သူမအနေနှင့် မြန်မာကလေးငယ်တစ်ဦး မွေးစားလိုသည့် အစီအစဉ်ကို အမှန်တကယ် ကြိုးပမ်းနေပြီး သတင်းများအရ ဘုန်းတော်ကြီးကျောင်းများနှင့် ဆက်သွယ်ရှာဖွေရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဂျိုလီနှင့် ပစ်တ်တို့တွင် ရှာလို၊ နော့စ်၊ ဗီဗီယန်ဆိုသည့် သားသမီးအရင်း (၃)ဦးနှင့် မက်ဒေါ့စ်၊ ပက်စ်၊ ဇာဟာရာဆိုသည့် မွေးစားသားသမီး (၃)ဦးတို့ ရှိနေကြသည်။
source by : http://www.planet.com.mm/news/read.cfm/id/11915
ပစ်နှင့်ဂျိုလီစုံတွဲ မြန်မာကလေးငယ်တစ်ဦးအားမွေးစားလိုဟုဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment