မြန်မာငွေဈေးမြင့် ထိုင်းပို့ကုန်သွင်းမှုကျ

Friday, February 20, 2009 ·

NEJ | ယခုနှစ်ဆန်းမှစ၍ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသည့် အတွက် ကုန်သွယ်မှု လုပ်ငန်းများတွင် ထိခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့သည်ဟု ထိုင်းနှင့် မြန်မာကုန်သည်များက ပြောကြားသည်။

မဲဆောက်မြို့မှ အထည်အလိပ်ရောင်းဝယ်ရေး လုပ်ငန်းကြီးတခု၏ မန်နေဂျာ ကိုဘာဘာက "နှစ်ဆန်းပိုင်း ကစပြီး မြန်မာငွေဈေး ပြန်တက်လာတယ်။ မနေ့က မြန်မာငွေ (၁၀၀) ကို ဘတ် (၃) ကျပ် (၅၈) ပြားအထိ ဖြစ်သွားတယ်။ ဒီနေ့ကျတော့ (၃) ကျပ်နဲ့ (၅၄) ပြားဖြစ်တယ်။ လွန်ခဲ့တဲ့ လေးနှစ် လောက်ကဆိုရင် မြန်မာ ငွေဈေးဟာ (၂) ကျပ်ခွဲကနေ (၃) ဘတ် အောက် မှာ ပဲရှိတယ်။ အဲ့ဒီတုန်းက တောက်လျောက် အရောင်းအ၀ယ် ကောင်းခဲ့တယ်။ ဒီနှစ်ဆန်းက စပြီး မြန်မာငွေဈေးတက်တော့ ကျနော်တို့ လုပ်ငန်းမှာ အရောင်း အ၀ယ်က ထက်ဝက်လောက် ကျဆင်းသွားတယ်။ ငွေဈေးကျတဲ့ဒဏ်ကို အများဆုံးခံရတာက မြန်မာကုန်သည်ကြီးတွေပဲ။ ငွေဈေး မတက်ခင်တုန်းက ၀ယ်ထားတဲ့ပစ္စည်းတွေဟာ အခုလိုငွေဈေးတက်တော့ အကုန်လုံး အရှုံးတွေပေါ်ပြီး အရင်လို ပုံမှန်လာဝယ် နိုင်တဲ့ အနေအထားမရှိတော့ဘူး”ဟု ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ ကိုမာမက်ကလည်း "ကျနော့်ညီတွေ ယောက်ဖတွေက အထည် အလိပ်နဲ့ လူသုံးကုန်ပစ္စည်းတွေသွင်းတယ်။ ထိုင်းကယူတဲ့ပစ္စည်းတွေက မြန်မာငွေတန်ဖိုး တက်တော့ ဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး အရှုံးပေါ်တယ်။ ငွေတွေပြန်သိမ်းလို့မရဘူး။ ဒါကြောင့် လောလောဆယ် ရပ်ထားရတယ်။ ကျနော်က စားသောက်ကုန်ပဲသွင်းတော့ ပြသာ နာမရှိဘူး။ ပုံမှန်တစ်ရက်ခြား သွင်းလို့ ရတယ်။ ထိုင်းစားသောက်ကုန် တွေက တရုတ်စား သောက်ကုန်တွေထက်စာရင် အဆင့်ပိုရှိတော့ လူတွေက ထိုင်း စားသောက်ကုန် ကိုပဲ စားကြ တယ်။ အ၀တ်အထည်နဲ့ လူသုံးကုန်က လောလောဆယ်မ၀ယ်ပဲ ခဏထားလို့ ရတယ်။ စားသောက်ကုန်ကျတော့ မစားဘဲနေလို့ မရဘူး။ ကျနော်တို့ ဒီထိုင်းကသွင်းတဲ့ စားသောက် ကုန်တွေကို အဓိကစားသုံးတဲ့ လူတွေဟာ ပိုက်ဆံရှိတဲ့ လူတွေအများစုဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတင် သွင်းသည့် ပို့ကုန်လုပ်ငန်းပိုင်ရှင်တဦးက မြန်မာငွေဈေးတက်သော်လည်း ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိကြောင်း၊ ကုန်ပစ္စည်းမှာယူမှုများ လုံးဝကျဆင်းသွားခြင်းမရှိကြောင်း၊ အလှကုန်ပစ္စည်းများဖြစ်သည့် အာချီမိတ်ကပ်၊ စပရင်းစောင်း၊ နှစ်ထပ်မိတ်ကပ်နှင့် အခြားမိတ်ကပ်များအပြင် ရေမွှေးမျိုးစုံနှင့် ဖိနပ်မျိုးစုံကို ပုံမှန်တင်ပို့နေရသည်ဟု ခေတ်ပြိုင်သို့ပြောသည်။

မဲဆောက်မြို့တွင် ငွေကြေးရောင်းဝယ်သည့် ပင်မဆိုင်ကြီးတစ်ခုမှ ပိုင်ရှင်တဦးက"ဒီနေ့ငွေ ဈေးက (၃) ဘတ် (၅၄) ပြား ဆိုပေမယ့် နောက်နေ့ စနေ၊ တနင်္ဂနွေဆိုရင် အရောင်းအ၀ယ် မရှိဘူးဆိုတော့ လာမယ့် တနင်္လာနေ့ကနေစပြီး မြန်မာငွေဈေးဟာ (၄) ဘတ်လောက် အထိ တက်သွားဖို့ အနေအထားရှိတယ်" ဟု ခေတ်ပြိုင်သို့ပြောသည်။

ရန်ကုန်မြို့မှ မြန်မာကုန်သည်တဦးက"အခုမဲဆောက်ကိုလာတာ အရင်ကယူထားတဲ့ပစ္စည်း ဖိုးတွေလာပေးတာဖြစ်တယ်။ ပစ္စည်း အသစ်တော့ မယူနိုင်တော့ဘူး။ လောလောဆယ် ထိုင်း ပစ္စည်းတွေနေရာမှာ တရုတ်ပစ္စည်းတွေနဲ့ပဲ အစားထိုးရတယ်။ ထိုင်းအင်္ကျီတထည် တစ်ရာ ဆိုရင် တရုတ် အင်္ကျီက တထည် လေးဆယ်လောက်နဲ့ရတယ်။ အရည်အသွေးကတော့ ဘယ်တူမှာလဲ။ ဒါကြောင့် ခဏလမ်းကြောင်းပြောင်းပြီး ကိုယ့်လုပ်ငန်းကို ထိန်းထားရတယ်" ဟု ပြောသည်။

လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ်ခန့်က မဲဆောက်မြို့ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကျပ်ငွေတန် ဖိုးမှာ မြန်မာငွေကျပ် တရာပေးလျင် ထိုင်းဘတ်ငွေ နှစ်ရာရရှိရာမှ မြန်မာနိုင်ငံ၏နိုင်ငံရေး အခြေအနေနှင့် စီးပွားရေးကျဆင်းမှုများကြောင့် လက်ရှိကာလအနေအထားတွင် မြန်မာငွေ တစ်ရာလျင် ထိုင်းဘတ်ငွေ သုံးဘတ် ငါးဆယ်ရှစ်ပြားခန့်သာ ရရှိတော့သည်ဟု မဲဆောက်မြို့မှ မိုင်တရီ ဓာတ်ပုံဆိုင်ပိုင်ရှင်က ပြောသည်။

မဲဆောက်မြို့ဈေးကြီးတွင် မြန်မာစားသောက်ကုန်ပစ္စည်းများ လက်ကားရောင်းချသည့် ဆိုင်ပိုင် ရှင်တဦးက "မြန်မာငွေဈေးတက်ပေမယ့် မြန်မာပြည်က စားသောက်ကုန်တွေ ပုံမှန်လာပါ တယ်။ ဈေးတက်သွားတာတော့ရှိတယ်။ ဥပမာ ငါးသားလောက်ခြောက် တစ်ပိဿကို အရင် က (၈၅) ဘတ် ရောင်းတယ်။ အခု (၅) ဘတ် တက်သွားပြီး (၉၀) ရောင်းရတယ်။ ကျန်တဲ့ ငရုတ်၊ ကြက်သွန်၊ အာလူး စတဲ့ ပစ္စည်းမျိုးစုံကတော့ ဒီလိုပဲ (၅) ဘတ်လောက်စီ ဈေးတက် သွားတယ်။ မဲဆောက်မြို့ အပါအ၀င် တာ့ခ်ခရိုင်မှာ နေထိုင်တဲ့ ဗမာတွေဟာ သုံးသိန်းလောက် ရှိတယ်။ ဒီစားအိုးကလည်း မနည်းဘူး။ ထိုင်းနိုင်ငံ အနှံ့အပြားမှာ ရောက်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာတွေလည်း မြန်မာစားသောက်ကုန်တွေကို အများစု မဲဆောက်ကနေတဆင့် တင်ပို့ပေး ရတယ်။ ကြက်သွန်နီဆိုရင် ဗမာပြည်သားအပြင် ထိုင်းနိုင်ငံသား တွေလည်း မြန်မာပြည်က ကြက်သွန်နီကိုပဲ စားကြတော့ ဒီဈေးကွက်ကတော့ တော်ရုံနဲ့ပျက်ဖို့ မလွယ်ဘူး။ အရင်က လည်း ဒီလိုမြန်မာငွေဈေးတက်တာ ဖြစ်ဖူးတာပဲ အများဆုံး လေးငါးလ၊ တနှစ်ပေါ့" ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးကို မေးမြန်းရာ ယခုနှစ်ဆန်းမှ စတင်ကာ မြန်မာ ငွေဈေးမြင့်တက်လာသဖြင့် ထိုင်း၊ မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းပို့ကုန်တင်သွင်းမှု (၂၀) ရာ ခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ထိုင်း၊ မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မဲဆောက်၊ မြ၀တီလမ်းကြောင်းမှ လစဉ် ထိုင်းပို့ကုန် ဘတ်သန်း (၁,၀၀၀) ခန့် ပုံမှန်တရားဝင် တင်သွင်းလျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီး များ အသင်းကပြောသည်။ အချို့ထိုင်းကုန်သည်ကြီးများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံ ဖက်သို့ လစဉ် ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ ဘတ်ငွေသန်း (၃,၀၀၀) ခန့်ရှိသည်ဟု ပြောသည်။

source by : http://www.khitpyaing.org/news/February_09/20-2-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */