ရှမ်းပြည်လုံးဆိုင်ရာ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန် ညီလာခံကြီး ကျင်းပ

Thursday, February 26, 2009 ·

မျိုးကြီး | ရွှေလီ (မဇ္ဈိမ) ။ ။ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန် ညီလာခံကြီးကို ရှမ်းပြည် အနယ်နယ် အရပ်ရပ်မှ သံဃာတော်အပါး ၃၀၀ ကျော် အမှူးပြုမှုဖြင့် ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ ဇယ်လန့် ကျေးရွာတွင် ယခုအခါ ကျင်းပနေသည်။

ဓမ္မညီလာခံကြီးကို ယခုလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိရာ ဖိတ်ကြားထားသည့် ကမ္မဋ္ဌာန်းတိုက်များမှ ကိုယ်စားလှယ် ၇၀၀၀ ကျော်လည်း ပါဝင် တက်ရောက်ကြသည်။

ယနေ့တရက်ထဲ၌ပင် ဒေသခံ ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ ပရိသတ် တသောင်းခွဲခန့်က အလှူအတန်းပြု ကုသိုလ်ယူခဲ့ကြောင်း အလှူခံ ဒါယကာတဦးက မဇ္ဈိမကို ပြောသည်။

''ဖိတ်ကြားထားတာက သံဃာတော်အပါး ၃၀၀ ကျော်နဲ့ ဓမ္မမိတ်ဆွေ ၇၀၀၀ ကျော် ရှိပါတယ်။ တရုတ်ပြည်က လာတယ်။ ဒေသခံတွေလည်း အားလုံး လာကြတယ်။ ဒီနေ့တော့ တသောင်းခွဲလောက် ရှိတယ်။ မနေ့က အလှူခံစာရင်းအရတော့ လူကိုယ်တိုင် အလှူငွေ လာထည့်သူပဲ ၇၀၀၀ ကျော်တယ်။ လူမလာဘဲ အလှူငွေ ထည့်တာလည်း ရှိတယ်။ ဒီနေ့တော့ တသောင်းခွဲလောက် ရှိမယ်" ဟု သူက ပြောသည် ။

ကျင်းပရာတွင် အစီအစဉ် ၆ ခု ပါဝင်ပြီး သတိပဋ္ဌာန် ကမ္မဋ္ဌာန်း တရားတော်ပါ စည်းမျဉ်းစည်းကမ်းများ၊ ၀ိနည်းတော်များကို ညီလာခံဥက္ကဋ္ဌ ဆရာတော်က ဟောပြော မိန့်ဆိုသွားမှာဖြစ်ပြီး၊ တက်ရောက်လာသည့် ပဋိပတ္တိမှ သာသနာနုဂ္ဂဟ အဖွဲ့ဝင်များကလည်း ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

ရှမ်းပြည်ရှိ ကမ္မဋ္ဌာန်းတိုက်ရှိရာ နေရာများတွင် နှစ်စဉ် စည်ကားစွာ အလှည့်ကျ ကျင်းပလာခဲ့ရာ ပြီးခဲ့သည့်နှစ်က ရှမ်းပြည် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2506-2009-02-25-12-50-46.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */