တရားမ၀င် ကြက်ဥများတွင် မယ်လမင်းဓါတ် ပါဝင်နိုင်ဟု ဆို

Tuesday, February 03, 2009 ·

စိုင်းအောင် | မြန်မာပြည်တွင်းဈေးကွက်များသို့ တရားမ၀င်တင်သွင်းလာသည့် ကြက်ဥများတွင် လူကိုအန္တရာယ် ဖြစ်စေနိုင်သည့် မယ်လမင်း ဓါတုဓါတ်များ ပါဝင်နိုင်သည်ဟု ဗမာစစ်အာဏာပိုင်များကြား နိုးဆော်ထားကြောင်း သိရသည်၊၊

အထူးသဖြင့် တရုတ်ပြည်ဘက်မှတဆင့် နယ်စပ်ဖြတ်ကျော်ကာ တရားမ၀င်တင်သွင်းလာသည့် ကြက်ဥ များသည် မယ်လမင်းဓါတ် ပါဝင်ဘွယ်ရှိသဖြင့် တရားမ၀င်တင်သွင်းခြင်းနှင့် ဈေးကွက်များ အတွင်းဖြန့်ဖြူး ရောင်းချခြင်းများကို စုံစမ်းစစ်ဆေးသွားရန်လည်း ညွန်ကြားထားသေးကြောင်း နယ်စပ်အာဏာပိုင်နှင့်နီးစပ်သည့် ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည် ၊၊

ထိုသို့ အာဏာပိုင်များဘက်မှ တရားမ၀င်ကြက်ဥများတွင် မယ်လမင်းပါဝင်နိုင်သည်ဟု ဆိုခြင်းမှာ သံသယဖြင့် ပြောခြင်းသာ ဖြစ်ပြီးဓါတ်ခွဲခန်းများတွင် တွေ့ရှိပြီး တစ်ပြည်လုံးသို့ တရားဝင်ကြေငြာခြင်းမရှိပါ၊၊

ရှမ်းပြည်(မြောက်ပိုင်း)နှင့်ကချင်ပြည် နယ်စပ်နေပြည်သူများသည် တရုတ်ပြည်ထွက် ဟင်းသီးဟင်းရွက် အပါအ၀င် စားသောက် ကုန်ပစ္စည်းမျိုးစုံကိုဝယ်ယူကာ နေ့စဉ်မှီခိုစားသုံးနေရသဖြင့် ကြက်ဥနှင့် ပါတ်သက်၍ပိုမိုအကျိုးသက်ရောက် မှုရှိနိုင်သည် ၊၊

ထို့ကြောင့် တရားမ၀င်တင်သွင်းသည့် ကြက်ဥများအပေါ် စိုးရိမ်မှုနှင့် မယ်လမင်းကြောင့် ဖြစ်လာနိုင်သည့် ဘေးဥပါတ် အန္တရယ် များအကြောင်းကို သိထားခြင်းရှိမရှိ ဒေသခံများကိုဆက်သွယ်မေးမြန်းရာ အတော်များများ ကမသိရှိကြ သေးကြောင်းနှင့် အချို့ကလည်း ကြက်ဥပင် မစားတော့သူများလည်းရှိကြောင်း စုံစမ်းမေးမြန်းချက် အရသိရသည် ၊၊

မီဒီယာလောကနှင့်နီးစပ်ပြီး မျက်မှောက်အခြေအနေကို မျက်ခြေမပြတ်သော နယ်စပ်မြို့များတွင် ကူးသန်း သွားလာနေသူ မြန်မာ တချို့ကတော့ အစိုးရိမ်လွန်ကာ ကြက်ဥဆိုလျင် လုံးဝမစားသုံးသူများလည်း ရှိကြောင်း သိရသည် ၊၊

“ဟုတ်တယ်လေ မြစ်ကြီးနားတို့ဘက်မှာ မယ်လမင်းပါတဲ့ကြက်ဥတွေဝင်တယ်လို့ သတင်းတွေ ထွက်သေး တယ်လေ ကျနော်တို့က တော့ လုံးဝမစားတော့ဘူးဗျ မစားရဲတော့တာပေါ့ မစားတော့တာများတယ်ထင်တယ်” လို့ အဆိုပါ လူငယ်တစ်ဦးက ပြောသည် ၊၊

နမ့်ခမ်းမြို့သားတစ်ဦးကတော့ “ဒီမှာတော့ အဲဒါနဲ့ပတ်သက်ပြီးဘာမှပြောသံ မကြားရဘူး ဘယ်သူမှလည်း သတိမထား မိကြဘူး ဒီအတိုင်းပဲ ပုံမှန်ဝယ်စား နေကြတာပဲ ဒီမှာတော့ကြက်ဥတစ်လုံး မြန်မာငွေ၁၀၀ပေါ့ ” လို့ သူက ပြောသည် ၊၊

အာဏာပိုင်များက တရားမ၀င်သယ်ဆောင်သည့် ကြက်ဥများ ၀င်ရောက်လာမှုကို တားဆီးပိတ်ပင်ရန် ညွှန်ကြား ထားသည့်တိုင် တရားမ၀င်ကြက်ဥတင်သွင်းမှု့ရှိနေဆဲဖြစ်ကြောင်း ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်ဒေသခံ တစ်ဦးက အခုလို ပြောပြသည် ၊၊

“ဒီဘက်ကိုဝင်တာတော့ဝင်နေတာပဲ တရားဝင်တော့မဟုတ်ဘူးပေါ့ စက်လှေနဲ့အပြည့်အပြည့်ပဲ ရွေလီကနေ ကုန်ကား အသေးလေး တွေနဲ့ စက်လှေပေါ်တင်တာ ကြက်ဥတွေကဒ်လိုက် အပြည့်ပဲ ဟိုတလောက အဲဒီ ကြက်ဥတင်တဲ့ စက်လှေ တစ်စီး ဟိုဖိုင်လှေဆိပ်မှာ မှောက်သွားသေးတယ် ”

“တရုတ်ကနေတင်သွင်းတဲ့ ဟင်းသီးဟင်းရွက်ရော ကြက်ဥရော မြန်မာဘက်က မုန့်တို့ အချိုရည်တို့တခြားလူသုံး ပစ္စည်း မျိုးစုံပေါ့ ဂိတ်မှာ ဗမာရဲကိုငွေပေးပြီး တစ်နိုင်တစ်ပိုင် စက်ဘီးနဲ့ သုံးဘီးနဲ့သယ်နေတာပဲ ” လို့ သူကပြောသည်၊၊

source by : http://www.mongloi.org/burmese/index.php?option=com_content&view=article&id=343:2009-02-03-05-41-06&catid=96:2008-08-03-06-49-23&Itemid=282

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */