ဗထူး | ရန်ကုန်မြို့ ပင်လယ်ဝတွင်ဖမ်းဆီးရမိသည့် ဘိန်းမှုဖြင့် ဘိုကလေးမြို့တွင် လူနှစ်ဦးအား မူးယစ်ဆေးဝါး ဗဟိုဌာနမှ ယခုလ (၂၆) ရက်နေ့က ဖမ်းဆီးသွားခဲ့သည်။
![]() |
“ဖမ်းပြီးနောက်နေ့မှာပဲ ပြန်လွတ်လာတယ်၊ ပစ္စည်းနဲ့အတူမိတာဆိုပြီး ဓါတ်ပုံတွေရိုက်သွားတယ်၊ ကိုကျော်ကျော်မင်း က ငါးရှည့်ဒိုင်ကိုင်တာ၊ သူနဲ့အတူ ရှမ်းလေးဆိုတာ ပါတယ်၊ ရှမ်းတရုတ်လို့တော့ ပြောတယ်၊ (၂၆) ရက်နေ့၊ မနက် (၉) နာရီက ဖမ်းတာ” ဟု ပြောသည်။
ယင်းဖမ်းဆီးမှုအား မူးယစ်ဆေးဗဟိုရဲတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ ဦးစီးကာ ယခုလ (၂၆) ရက်နေ့နံနက်က ဖမ်းဆီးသွာခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အဆိုပါဖမ်းဆီးခံရသူများ၏ လုပ်ငန်းကို စိတ်မဝင်စားခြင်းမှာ အားသာချက်တချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်ရဲ့သားက ဒီကိစ္စမှာပါဝင်တယ်လို့ သိတယ်၊ သစ်လုံးကို ထွင်းပြီးတော့ ထည့်တာ၊ ထိုင်ဝမ်ကိုပို့ဖို့လုပ်နေတုံးမှာ ဖမ်းမိတာပါ” ဟု စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။
ရန်ကုန်ရှိ ပြည်သူများကမူ ယခုမူးယစ်ဆေးဝါးအမှုသည် နိုင်ငံတော်အကြီးအကဲဆိုသူများနှင့် ပတ်သက်နေ၍သာဖြစ်သည်ဟု ပြောဆိုသည်။
နအဖ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့(၁)မှူး ဒုတိယဗိုလ်ချုပ် ရဲမြင့်၏သား အောင်ဇော်ရဲမြင့်အား မက်တာအက်ဖတမင်း ဆေးပြားများနှင့် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့်သားများအား ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း နအဖထိပ်ပိုင်းခေါင်းဆောင်အား အရေးယူခြင်းမရှိခဲ့ပေ။
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီမှ ၂၀၀၈ ခုနှစ်၊ ဇွန်လအတွင်း ဘိန်းဖြူ ၁၀၃.၈ ကီလိုဂရမ်နှင့် ၁၆၉၀ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသော်လည်း ကမ္ဘာ့မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အစီရင်ခံစာအရ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်အတွင်း ၂၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံသည် ၂၉ ရာခိုင်နှုန်း အထွက်တိုးလာကြောင်း ထုတ်ပြန်ခဲ့သည်။
source by : http://www.yoma3.org/index.php?option=com_content&view=article&id=180:2009-02-03-08-26-26&catid=41:2008-09-21-07-44-45&Itemid=124









0 comments:
Post a Comment