ကွတ်ခိုင် နမ့်ဖတ်ကာကြား ဓားပြတိုက်

Friday, February 13, 2009 ·

မျိုးကြီး | ရွှေလီ(မဇျွိမ)။ ။ လက်နက်ကိုင် လူတစုက ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် ယခုလ ၁၀ ရက်နေ့က ကုန်ကားသမားများထံမှ ငွေတောင်းယူမှု ဖြစ်ပွားခဲ့သည်ဟု လမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသော ကားသမားများ အပြောအရ သိရသည်။

ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြား တောလမ်းတွင် မန္တလေးနှင့်မူဆယ် အဆင်းအတက်သွားနေသည့် ကုန်ကားကြီး အစီး ၂၀ ကျော်ကို အမည်မသိ လက်နက်ကိုင်တစုက ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

''ဟုတ်တယ်ဗျ။ ဘယ်ကကြားလဲ။ ပြောလို့ သိပ်မကောင်းဘူးနော၊ မပြောချင်ဘူး။ ခံရတဲ့သူတွေတောင် မပြောဘူးဗျ'' ဟု ကားသမားတဦးက ပြောသည်။

ကားတစီးလည်း မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

''မီးလောင်တာက ပန်းသီးကား။ အပစ်ခံရတာက ပထမဦးဆုံးကား။ ပွန်းပဲ့ ဒဏ်ရာရ နဲနဲပါးပါးပဲ ရှိတယ်။ ကားက အစီး ၂၀ ကျော်တယ်'' ဟု သူက ထပ်ပြောသည်။

သို့သော်လည်း အချက်အလက် အသေးစိတ်ကို သူက ပြောဆိုနိုင်ခြင်း မရှိပါ။

အခင်းဖြစ်ပွားရာ နေရာသည် တောတောင်ထူထပ်ပြီး လူသူပြတ်လပ်သည့်အပြင် ပြည်သူ့စစ်များ အပါအ၀င် လက်နက်ကိုင် အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်။

source by : http://www.mizzimaburmese.com/news/breaking-newsbrief/2431-2009-02-12-14-01-07.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */