မိုးသူ | ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅ ရက်နေ့က ကြိုဆိုရေး ဂုဏ်ပြုတပ်ဖွဲ့မှ စစ်သည်တဦး မူးလဲကျခဲ့ရာ ယခုအခါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။
ဂုဏ်ပြုတပ်ဖွဲ့ ရှေ့ဆုံးတန်းမှ မူးလဲကျနေသော စစ်သည်၏ ရုပ်ပုံလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာများ ဖြစ်သော ကြေးမုံနှင့် New Light of Myanmar ၏ မျက်နှာစာတွင် ပါရှိခဲ့သည်။
ထိုဓာတ်ပုံပါလာခဲ့မှုကြောင့် ပြန်ကြားရေးဌာနမှ ၀န်ထမ်းများ ပေါ့ဆသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အား နအဖ စစ်အုပ်စု နံပါတ်နှစ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါ နေ့စဉ်ထုတ်သတင်းစာများမှာ စစ်အစိုးရ ၀ါဒဖြန့်ချိသော သတင်းစာများဖြစ်သည်။
စစ်သည်မှာ ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် မူးလဲကျခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်အခြေစိုက် သတင်းသမားတဦးက ဆိုသည်။ မည်သည့်အတွက်ကြောင့် သူ့အား ချုပ်နှောင်ထားခြင်းဖြစ်သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။
အိန္ဒိယ ဒုသမတသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2416-2009-02-11-09-07-17.html
မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ
မူးလဲနေခဲ့သော ဂုဏ်ပြုတပ်သား။ ဓါတ်ပုံ - New Light of Myanmar
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |
0 comments:
Post a Comment