ရွှေတြိဂံနယ်စပ်ဒေသ စစ်ရေးပြင်ဆင်မှုများရှိနေ

Thursday, February 26, 2009 ·

ကိုစိုး | မြန်မာနှင့် လာအို စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မကြာသေးခင်က နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။


ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လာအို သမ္မတ Choummaly Sayasone တို့ တွေ့ဆုံစဉ်
(ဓာတ်ပုံ - Laos News Agency)

နအဖ စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လာအိုသမ္မတ Choummaly Sayasone တို့သည် လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ဆင်ဟွာသတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။

လာအို သတင်းအေဂျင်စီကလည်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတ Choummaly Sayasone က ၎င်း၏ ရုံးခန်းတွင် လက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်နှီးချစ်ကြည်မှု ဆက်ဆံရေး အစဉ်အလာ ပိုမိုခိုင်မာရေးနှင့် အထူးသဖြင့် စစ်တပ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးများကို ပြီးခဲ့သည့် တနလာင်္နေ့က ဆွေးနွေးသည်ဟု ရေးသားထားသည်။

ယင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂ ရက်ကြာ လာအိုနိုင်ငံ ခရီးစဉ်သည် လာအို ဒု ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး Duangchay Phichit ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်ဟု ဆင်ဟွာက ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း လာအိုကာကွယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် လာအိုပြည့်သူ့တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် လူမှု စီးပွား ကိစ္စများ အပါအ၀င် အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် နှစ်နိုင်ငံစစ်ရေး ဆိုင်ရာ မြှင်တင်မှုများပြုလုပ်ရန်တို့ကို ဆွေးနွေးကြသည်ဟု ဆင်ဟွာက ရေးသားထားသည်။

ဆက်လက်ပြီး လာအို-မြန်မာ နယ်စပ်ဒေသနေပြည်သူများ လူနေမှုအဆင့် မြင့်မားရေး၊ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမောစေရေးများနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ပါဝင်ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြ ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်၍ တရားမ၀င် မူးယစ်မှောင်ခို ကုန်ကူးမှုများ၊ တရားမ၀င် ကုန်စည်ကူးသန်းမှုများ၊ တရားမ၀င် လူကုန်ကူးမှုများနှင့်ပတ်သက်သည့် အခြေအနေအဖြစ်အပျက် သတင်းများကို ပုံမှန်ဆွေးနွေးဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန်တို့လည်း ပါဝင်ဆွေးနွေးကြသည်ဟု ဆင်ဟွာကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာ-လာအို နယ်စပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပကြောင်း၊ ယင်းအစည်းအဝေးသို့ နှစ်နိုင်ငံ တာဝန်ရှိသူ များ တက်ရောက်၍ နယ်စပ်ဒေသတလျှောက်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပြည်သူများအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲကာလ အတွက် လက်နက်ဖြုတ်သိမ်းလို၍ ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(NDD)မှ သုတေ သန အရာရှိ စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“တရုတ်နဲ့ ထိုင်းအပါအ၀င် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အသီးသီးရှိနေကြပါတယ်၊ တချို့လည်း အပစ်အခတ်ရပ်စဲထားသလို တချို့ကလည်း အခုအချိန်အထိ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေလည်း ပါတာပေါ့၊ ဒီအဖွဲ့တွေကို စစ်အစိုးရအနေနဲ့ ၂၀၁၀ ကာလမှာ လက် နက် ဖြုတ်သိမ်းဖို့ ဖြစ်လာမယ်ဆိုရင်တော့ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတွေ အနေအထားက အရေးပါ လာတာပေါ့၊ တရုတ် နိုင်ငံအရေးပါလာမယ်၊ ထိုင်းတို့ လာအိုတို့လည်း သူ့အနေအထားနဲ့သူ အရေးပါလာမှာပေါ့၊ စစ်အစိုးရအနေနဲ့ ဒီကိစ္စတွေအတွက် ကြိုပြီးတော့ အခုလိုသွားလုပ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ဦးဌေးအောင်က ဆိုသည်။

အဆိုပါ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သောဦးစိုင်းလင်း(လင်မိန်ဇင်း) ဦးဆောင်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) မိုင်းလားအထူးဒေသ(၄)အဖွဲ့နှင့် ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အဖွဲ့များ၏လှုပ်ရှားမှုများကို တင်းကျပ်ထိန်းချုပ်ရန်စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပြုလိုသည်ဟု ယူဆရကြောင်း တိုင်းရင်းသားအရေးလေ့လာသူများက လည်း ပြောဆိုကြသည်။

ဝ အရေးစောင့်ကြည့်လေ့လာသူ မိုင်းအိုက်ဖုန်းက ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်အစိုးရ စစ်တပ်များက တင်းကျပ်ရန် စီစဉ်နေသည် ဟု ပြောသည်။

“၀ အဖွဲ့ကို အရမ်းတင်းကျပ်လို့ ရမယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ အပိုင်နယ် မြေ ရှိနေတယ်” ဟု မိုင်းအိုက်ဖုန်းက ဆိုသည်။

တာချီလိတ်မြို့မှ UWSA အဖွဲ့နှင့် နီးစပ်သူတဦးကလည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက အဆင်သင့် ဖြစ်စေရန် UWSA က အရပ်သားများကို စစ်သင်တန်းပေးနေကြောင်း ပြောသည်။

“UWSA က အရပ်သား ၀ တိုင်းရင်းသားတွေကို အခုနွေရာသီအတွက် စားရေရိက္ခာ စုဆောင်းထားဖို့ နှိုးဆော် ထားတယ်၊ အရပ်သား ၀ တချို့လည်း သူတို့သားသမီးတွေကို တခြားနေရာတွေဆီ ပို့ထားတယ်၊ ပြီးတော့ စစ် သင်တန်း တက်နေကြတာလည်းရှိတယ်”ဟု ၎င်း က ပြောပြသည်။

လွန်ခဲ့သည့် အပတ်အတွင်းကလည်း မိုင်းလားအခြေစိုက် စစ်အစိုးရ စစ်တပ်အား ပေးနေရသည့် အခွန် ၃၀ ရာခိုင် နှုန်းကို ပေးရန်ငြင်းဆိုသည့်အတွက် NDAA အဖွဲ့နှင့်စစ်အစိုးရအကြား တင်းမာမှုဖြစ်နေကြောင်း၊ အဆိုပါနယ်မြေ အတွင်း အစိုးရစစ်တပ်များ တိုးချထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း ပြောဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */