လွတ်မြောက်သူ မြန်မာအကျဉ်းသား ၆ထောင်ကျော်ထဲ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ပါဝင်

Monday, February 23, 2009 ·

VOA | မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးကိုထမ်းနိုင်ဖို့  လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသား ၆ ထောင် ကျော်ထဲမှာ အခုချိန်အထိ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၉ ယောက်ပဲပါတယ်လို့  နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

စနေနေ့ က ပြန်လွတ်လာသူတွေထဲမှာ ၁၉၉၁ ခုနှစ်ထဲက အကျဉ်းကျနေတဲ့  NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အမရပူရမြို့နယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ပါတယ်လို့  NLD သတင်းနဲ့  ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက အတည်ပြု ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကို လာသွားပြီးတဲ့  နောက်မှာ အကျဉ်းသူ အကျဉ်းသားပေါင်း ၆၃၁၃ ယောက်ကို လွှတ်ပေးမယ်လို့ စစ်အစိုးရက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကလဲ စစ်အစိုးရက အကျဉ်းသား ၉ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တဲ့ ထဲမှာ နိုင်ငံရေး အကျဉ်းသားဟာ ၁၀ ယောက် ကျော်ပဲပါပါတယ်။ (အောက်တွင် သတင်းအသံဖိုင် ကို နားဆင်နိုင်ပါသည်။)



source by : http://www.voanews.com/burmese/2009-02-22-voa6.cfm

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */