လုပ်အားခ ထက်ဝက်ဖြင့် လုပ်အားပေး

Friday, February 27, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ နွေစပါးစိုက်ရန်အတွက် ပေါက်ဈေး လုပ်အားခ ထက်ဝက်ခန့်ဖြင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတချို့မှ ရွာသားများကို နယ်မြေခံ စစ်တပ်က အဓမ္မ ခိုင်းစေနေသည်။

ပြင်ပလုပ်ငန်းများတွင် လူတဦးလျှင် တရက်လုပ်ခ ကျပ် တထောင်မှ ၁၂ဝဝ အတွင်း ရရှိနေချိန် ပြိုင်းချောင်း ရေလှောင်တမံ အနီးရှိ လယ်မြေများအား တပ်ရန်ပုံငွေအဖြစ် စပါးစိုက်ပျိုးရာ ဒေသခံ ရွာသားများအား တဦးလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် အဓမ္မခေါ်ယူ ခိုင်းစေနေကြောင်း မျက်မြင်သက်သေများက ပြောဆိုခြင်းဖြစ်သည်။

“ကိုယ်ကြိုက်တဲ့ အလုပ်ကို အဆင်ပြေသလို လုပ်စားလို့ မရဘူး။ သူတို့ခေါ်တာကိုပဲ သွားရတယ်။ လုပ်ခနည်းလို့ မသွားဘူးဆိုရင်လည်း ဖမ်းမယ်၊ ရိုက်မယ်လို့ ခြိမ်းခြောက်တော့ ဘယ်ကိုမှလည်း မတိုင်ရဲဘဲ သူတို့ခေါ်တာကိုပဲ သွားလုပ်ကြရတယ်” ဟု အဆိုပါ ဒေသတွင်းမှ ယင်းမရွာသား ကိုဌေးနိုင်က မဇ္ဈိမကို ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် - နပခ တိုင်းမှူး၏ ခိုင်းစေချက်အရ နွေစပါး စိုက်ပျိုးခိုင်းနေသော တပ်ရင်းများမှာ စစ်တွေမြို့ အခြေစိုက် အမှတ် ၈၂၈ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ဆွယ်၊ ခမရ ၂၇ဝ၊ ခလရ ၂ဝ၊ ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ နှင့် နပခ လက်အောက်တပ်များဖြစ်သည့် ခမရ ၂၃၂၊ ခမရ ၃၄၄၊ ခမ၇ ၃၅၄ တို့မှ တပ်သားများ စေလွှတ်ကြရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကျောက်တော်မှ ကိုသိန်းမြိုင် အဆိုအရ တရက်လျှင် လူဦးရေ ၂ဝဝ ကျော်အား ခေါ်ယူ ခိုင်းစေနေခြင်းဖြစ်ပြီး၊ ကျောက်တော်မြို့နယ် ပြိုင်းချောင်း ကျေးရွာအုပ်စုအတွင်းမှ ပြိုင်းချောင်း၊ ပေထု၊ ယင်းမပင်၊ ပြိုင်တောင် အပါအဝင် ကျေးရွာ ၁ဝ မှ ဒေသခံ ပြည်သူအားများကို ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်ရန်ပုံငွေအတွက် စပါးစိုက်ပျိုးပေးရသော လယ်ယာမြေများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်တွင် တည်ရှိသည်။

အဆိုပါ မြေယာဧက တထောင်ခန့်မှာ ဒေသတွင်းရှိ ကျေးရွာသားများ ဘိုးစဉ်ဘောင်ဆက် ထွန်ယက် စိုက်ပျိုးခဲ့သော မြေများဖြစ်ကာ၊ ၂ဝဝ၅ ခုနှစ်ဝန်းကျင်က ပြိုင်ချောင်းရေလှောင်တမံ ဆောက်လုပ်စဉ် နပခ မှ အဓမ္မသိမ်းယူပြီး လက်အောက်ခံ တပ်ရင်းများအား လုပ်စားပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုသိန်းမြိုင်က ပြောသည်။

သူက “ပြည်သူတွေကဗျာ၊ နဂိုကတည်းက စီးပွားရေးကျပ်တည်းလို့ ဘက်စုံ အခက်အခဲနဲ့ ကြုံတွေ့နေရချိန်မှာ အာဏာပိုင်တွေ စိတ်ထင်တိုင်း နိုင့်ထက်စီးနင်း လုပ်တဲ့အခါ ပိုပြီး ဒုက္ခရောက်တယ်။ အခက်အခဲတွေ့ကြတယ်” သူက ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2514-2009-02-26-12-48-13.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */