ကျောင်းအိမ်သာထဲ ကျောင်းသား တယောက် ပိတ်မိပြီး သေဆုံး

Thursday, February 26, 2009 ·

မိုးမခအထောက်တော် | ရန်ကုန် အထက်တန်းကျောင်းတခု၏ အိမ်သာထဲတွင် ကျောင်းသားတဦး အပြင်မှ စ နောက်ပြီး တံခါးဂျက်ချ ခံရရာမှ မထွက်နိုင်ဖြစ်ကာ နာရီ ၂၀ အကြာ တွေ့ရှိသည့်ချိန်တွင် သေဆုံးနေသည်ဟု သိရသည်။

အဆိုပါ အဖြစ်အပျက်မှာ ပြီးခဲ့သည့် သောကြာနေ့ ညနေ ကျောင်းဆင်းချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားသည့်ကျောင်းမှာ အင်းစိန်မြို့နယ် အမှတ် ၁ အထက်တန်းကျောင်းဟု ဆိုသည်။

သေဆုံးသွားသည့် ကျောင်းသားအားတွေ့ရှိချိန်တွင် နာရီ ၂၀ ကြာမြင့်နေပြီဟု အလောင်းကို စစ်ဆေးသည့် ဆရာဝန်က ပြောဆိုကြောင်း၊ ကျောင်းလုံခြုံရေး တာဝန်ရှိသူတို့က ကျောင်းတံခါး မပိတ်မီ စစ်ဆေးခြင်းရှိမရှိ ကိုမူ မသိရှိရကြောင်း မျက်မြင်တဦး အဆိုအရ သိရသည်။

ကျောင်းသားမိဘများ အနေဖြင့် ကျောင်းတွင် ကျန်ရစ်သည်ဟု မထင်မှတ်ဘဲ ကလေး ပျောက်ဆုံးသည့် အနေဖြင့် ရဲစခန်းကိုသာ တိုင်ကြားခဲ့သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် ရဲစခန်းသို့ လူပျောက်၊ ပစ္စည်းပျောက် တိုင်ကြားသည့်အခါ သက်ဆိုင်ရာရဲစခန်းက အမှုသာဖွင့်ထားပြီး လိုအပ်သည့် စုံစမ်းမှု စစ်ဆေးမှုများကို စတင်လုပ်ဆောင်သည့် အလေ့အထ မရှိပေ။

တိုင်ကြားသူကိုယ်တိုင်က မိမိပစ္စည်းကို တွေ့ရှိ၍သော်၎င်း၊ လာရောက်အကြောင်းကြားမှ လိုက်လံ အရေးယူလေ့ရှိသည်။ ယခု အဖြစ်အပျက် တွင်လည်း သက်ဆိုင်ရာ ရဲစခန်းက ကျောင်းတွင် စုံစမ်းခြင်း ရှာဖွေခြင်းတို့ ပြုလုပ်ခဲ့ခြင်းရှိပုံမရဟု အင်းစိန်မြို့ခံတဦးက ပြောဆိုသည်။

ယခုအဖြစ်အပျက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းအုပ်နှင့် ရဲတို့က ရေငုံ နှုတ်ပိတ်နေကြသည် ဟု ပုဂ္ဂလိက သတင်းဂျာနယ်မှ သတင်းထောက်များက ပြောဆိုသည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3327&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */