အဆိုပါ ဟီလာရီကလင်တန်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတခု၌ မြန်မာကျောင်းသူတဦးက မြန်မာနိုင်ငံ အပြောင်းအလဲ ကိစ္စနှင့် ပတ်သက်၍ မေးမြန်ရာတွင် ယခုကဲ့သို့ပြောကြားခဲ့သည်။
မြန်မာပြည်သူများသည် စစ်အစိုးရဖိနှိပ်နေမှုကြောင့် လူ့အခွင့်အရေးများ ချိုးဖေါက်ခံနေရမှုအပေါ် အမေရိကန် က စိုးရိမ်စိတ်ဖြစ်နေပြီး မြန်မာ့အရေးကို ဂရုစိုက် အလေးထားမည့် မူဝါဒများကို ပြန်လည်သုံးသပ် ရှာဖွေ နေပါတယ်ဟု ပြောကြားခဲ့သည်။
၎င်းအပြင် မြန်မာစစ်အစိုးရကို ဆွဲဆောင်စည်းရုံးပြီး မည်သို့လုပ်ဆောင်လျှင် အပြောင်းအလဲဖြစ်မည် ဆိုသည်ကို သုံသပ်ရှာဖွေနေကြောင်းနှင့် မြန်မာပြည်သူများအားလည်း ပိုမိုထိရောက်သော အကူအညီများပေးနိုင်အောင် ပိုကောင်းသောနည်းလမ်းသစ်များ ရှာဖွေနေသည်ဟု ဟီလာရီ ကလင်တန်က ပြောကြားသွားခဲ့သည်။
ထိုကဲ့သို့ ထိရောက်သော မူဝါဒများကို ရရှိလိမ့်မည်ဟုလည်း သူကဆက်ပြောပြီး မြန်မာနိုင်ငံသား များအားလုံးကို ကိုယ်တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် နေထိုင်နေကြသည့်အချိန်ကို မြင်တွေ့လို ကြောင်း ပြောကြားခဲ့သည်။
ယခု မစ္စကလင်တန်၏ ခရီစဉ်သည် နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ်ကာလတွင် ပထမဆုံးသော အာရှခရီးစဉ် ဖြစ်သည်။
source by : http://www.narinjara.com/detailsbur.asp?id=1708
0 comments:
Post a Comment