အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလုပ် သွားလုပ်ချင်သူ များလာ

Wednesday, February 04, 2009 ·

အောင်သက်ဝိုင်း | ယခင် အလုပ်သမား ပို့ဆောင်နေကျ နိုင်ငံများအစား ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်း၊ အစ္စရေး ကဲ့သို့သော အရှေ့အလယ်ပိုင်း ဒေသများသို့ မြန်မာ အလုပ်သမားများကို ပို့ဆောင်ပေးခြင်း လုပ်ငန်းများ ရေပန်းစား လာကြောင်း ရန်ကုန်မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီများက ပြောသည်။

ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် နိုင်ငံခြားသား အလုပ်သမားများ လျှော့ချမှု နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပေါ်နေကာ ထိုနိုင်ငံများတွင် အလုပ်လုပ်နေသည့် တချို့သော မြန်မာ အလုပ်သမားများကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မှုများ ရှိနေသည်။

ထိုသို့ ယခင်က နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှု များခဲ့သော နိုင်ငံများက ခေါ်ယူမှု မရှိတော့သောကြောင့် ယခုအခါ အရှေ့ အလယ်ပိုင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ များပြားလာခြင်း ဖြစ်ကြောင်း ရန်ကုန်ရှိ အလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။

“ဒူဘိုင်း၊ ကာတာ၊ ကူဝိတ် အဲလို အရှေ့အလယ်ပိုင်း ရေနံထွက်တဲ့ နိုင်ငံတွေက နိုင်ငံခြားသား အလုပ်သမားတွေ ပမာဏ အများကြီး ခေါ်နေတယ်။ သူများတိုင်းပြည်တွေ စီးပွားကျနေတဲ့ အချိန် အဲဒီနိုင်ငံတွေက နိုင်ငံခြားသား အလုပ်သမား ပြန်ပို့တာမျိုး မရှိသလောက် ဆိုတော့ မြန်မာတွေ သွားအလုပ်လုပ်ချင်ကြတယ်” ဟု ကမာရွတ် မြို့နယ်မှ ပြည်ပ အလုပ်အကိုင် ကုမ္ပဏီကြီးတခု၏ မန်နေဂျာတဦးက ပြောသည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် တောင်ကိုရီးယား နိုင်ငံများတွင် နိုင်ငံခြားသား အလုပ်သမား များ ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရှိ၊ မရှိဆိုသည်မှာ မသေချာတော့သည့် အတွက် မြန်မာ နိုင်ငံရှိ ပြည်ပအလုပ်အကိုင် ကုမ္ပဏီများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆက်သွယ်ပြီး အလုပ်သမား စေလွှတ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒူဘိုင်းဆိုရင် ဟိုတယ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်တွေ အများဆုံး ရှိတယ်။ ကာတာ၊ ကူဝိတ်နဲ့ ဘာရိန်း ကျတော့ ဆောက်လုပ်ရေး လုပ်ငန်း၊ စားသောက်ဆိုင်၊ သဘောင်္ကျင်း လုပ်ငန်း၊ စူပါမားကက်တွေနဲ့ ပတ်သက်တဲ့ အလုပ်တွေရှိတယ်။ အစ္စရေးကတော့ စိုက်ပျိုးရေး လုပ်ငန်းမှာလုပ်ရမယ်။ အလုပ်အားလုံးက အထွေထွေ အလုပ် တွေပါ” ဟု ရန်ကုန်၊ ပန်းဆိုးတန်း လမ်းမကြီးဘေးရှိ နာမည်ကြီး ပြည်ပ အလုပ်အကိုင် ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောသည်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း နိုင်ငံတခုဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံကလည်း မြန်မာ အလုပ် သမားများ ခေါ်ယူလိုပြီး ယခု လောလောဆယ် မြန်မာသူနာပြုနှင့် ယာဉ်မောင်း အလုပ်သမား များ ခေါ်ယူလိုကြောင်း ကြားသိရသည်။

မြန်မာအလုပ်သမားများကို ဆော်ဒီအာရေဗျနိုင်ငံသို့် တိုးမြှင့်ခေါ်ဆောင် သွားလိုသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ နိုင်ငံ သံအမတ်ကြီး Mr.Turki Bin Naji Alali က ရန်ကုန်အခြေစိုက် ပြည်ပ အလုပ်အကိုင် အေဂျင်စီများကို တရားဝင်ကမ်းလှမ်းထားကြောင်း လည်း ကြားသိရသည်။

“ဆော်ဒီသံအမတ်က အသက် ၂၂ ကနေ ၅၂ အတွင်းမှာရှိတဲ့ မြန်မာ ကားဒရိုင်ဘာ ၁၂၀ ခေါ်ဖို့ ကမ်းလှမ်းတယ်။ ချက်ချင်းခေါ်ချင်တယ်။ ၂ နှစ်စာချူပ်နဲ့၊ တလ ကို ဆော်ဒီရီယယ် ၈၀၀ (အမေရိကန်ဒေါ်လာ ၂၁၃) ပေးမယ်။ လိုအပ်တာကို ရန်ကုန်ဆော်ဒီသံရုံးက ကူညီမယ်။ အိမ်စီးကားတွေမောင်းဖို့လို့ ပြောတယ်” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ ၀န်ထမ်းတဦးက ရှင်းလင်းပြောကြားသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ခေါ်ယူသည့် ကားဒရိုင်ဘာ အလုပ်အတွက် ပြည်ပ အလုပ်အကိုင် အေဂျင်စီများက လုပ်သားတဦးလျှင် ၀န်ဆောင်ခ အမေရိကန်ဒေါ်လာ ၆၅၀ မှ ၈၀၀ ထိ တောင်းယူနေကြကြောင်း ကြား သိရသည်။

ယူအေအီးနိုင်ငံတွင် အင်္ဂလိပ်ဘာသာပြန် လုပ်ငန်း၊ လုံခြုံရေးအစောင့်၊ စားပွဲထိုး၊ စားဖိုမှူး၊ ပိုက်ပြင် ပိုက်ဆက်နှင့် ဂဟေဆော်လုပ်ငန်း အစရှိသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၁ ဦး ခေါ်ယူ ထားပြီး ယခုလအတွင်း အင်တာဗျူး လာရောက်စစ်ဆေးမည် ဖြစ်ကြောင်းလည်း ရန်ကုန်အခြေစိုက် နာမည်ကြီး ပြည်ပ အလုပ်အကိုင် ကုမ္ပဏီတခုမှ ဝန်ထမ်း တဦးက ပြောသည်။

“ယူအေအီးက အထွေထွေလုပ်သားလည်း ခေါ်သလို၊ ပညာတတ်ဘွဲ့ရတွေလည်း ခေါ်တယ်။ ဥပမာ- အင်္ဂလိပ်ဘာသာပြန် အလုပ်ဆိုရင် တလ ယူအေအီးဒီအာဟမ် ၂၅၀၀ ( အမေရိကန် ဒေါ်လာ ၆၈၀.၄၆) ပေးတယ်။ အရည်အချင်းရှိရင် ရှိသလို တက်လမ်းရှိတယ်” ဟု အဆိုပါ ကုမ္ပဏီဝန်ထမ်းက ပြောပြသည်။

ကမ္ဘာ့အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် အလုပ်လုပ်ရန်အတွက် ရန်ကုန် ပြည်ပအလုပ်အကိုင် အေဂျင်စီများက အလုပ်သမားတဦးလျှင် အနည်းဆုံး ၀န်ဆောင်ခ အမေရိကန်ဒေါ်လာ ၅၀၀ မှ ၁၂၀၀ တောင်းယူနေကြပြီး အလုပ်သမားအနေဖြင့် လစာအနည်းဆုံးငွေ ၂ သိန်းခွဲမှ စတင်ရရှိကြကြောင်း သိရသည်။

“ဒူဘိုင်းက ဟိုတယ်မှာ စားပွဲထိုးလုပ်ဖို့ သင်တန်းတွေလည်း တက်ပြီးပြီ။ ၀န်ဆောင်ခက အသင့်အတင့်နဲ့ လစာလည်း မဆိုးဘူး။ မလေးရှားထက်စာရင် အများကြီး အာမခံချက်ရှိလို့ ဒူဘိုင်းကို သွားဖို့ လုပ်နေတာပါ” ဟု ဟိုတယ် လုပ်ငန်းအတွေ့အကြုံရှိသည့် ရန်ကုန်နေ လူငယ်တဦးက ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=673:2009-02-03-11-41-53&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */