“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

Saturday, February 28, 2009 ·

ဝေမိုး | ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် သတင်းထောက်များကို ပြောကြားသည်။


အာဆီယံ ညီလာခံတွင် တွေ့ရသော မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း (ဓာတ်ပုံ - အေပီ)
သို့ရာတွင် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ တိုးချဲ့ အစီအစဉ်အရ ရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားထဲတွင် ပါဝင်သည်ဟု သတ်မှတ်ကြောင်း သဘောတူခဲ့ပြီးဖြစ်သည်။

ယမန်နေ့က စတင်ကျင်းပသည့် အာဆီယံ ညစာ စားပွဲ တက်ခဲ့သော သံတမန်များ၏ အဆိုအရ ဦးဥာဏ်ဝင်းသည် ရိုဟင်ဂျာများကို ဘင်္ဂါလီလူမျိုးဟုသာ ခေါ်ဝေါ်သင့်သည်ဟု ၎င်း မှတ်သားခဲ့ဖူးသည့် သမိုင်း အထောက်အထား များကို ကိုးကား ပြောဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်းညစာစားပွဲသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးအားလုံးက ရိုဟင်ဂျာအရေးကို အာဆီယံ ဒေသတွင်း ပြဿနာအဖြစ် အရေးယူ ဆောင်ရွက် သင့်သည်ဟု ပြောကြားကြကြောင်း အမည်မဖော် လိုသူ သံတမန်တဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က အရှေ့တောင်အာရှနိုင်ငံများထဲမှ အစ္စလမ် ဘာသာဝင်နိုင်ငံများ ဖြစ်ကြသော မလေးရှားနှင့် အင်ဒိုနီးရှား တို့က ရိုဟင်ဂျာများကို ထွက်ခွာလာသည့် မြန်မာနိုင်ငံသို့ ပြန်မလွှတ်သည့် ကိစ္စနှင့် ပတ်သက်၍မူ ပြောကြားခြင်း မရှိပေ။

မြန်မာစစ်အစိုးရက ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သမုတ်လိုက်သည့်အတွက် ရိုဟင်ဂျာပြဿနာကို အမှန်တကယ် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲ သွားနိုင်သည်။

ဆက်လက်၍ Kasit က ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် ဘာလီ အစည်းအဝေး (Barli Process) တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဘာလီအစည်းအဝေးတွင် အာရှ ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်လျှက်ရှိသည့် လူမှောင်ခို ကိစ္စ အပါအဝင် မှုခင်း ကိစ္စရပ်များကို ဖြေရှင်းသွားမည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရ၏ သုံးနှုန်းပြောဆိုသည့်အတိုင်း ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သုံးနှုန်းပြောဆိုနေသည့်အတွက် တက်ရောက်လာသော သတင်းသမားများက တအံ့တသြ ဖြစ်ကြရသည်။

မြန်မာစစ်အစိုးရအနေနှင့် ရိုဟင်ဂျာ အရေးကိစ္စ အပြင် TCG ၏ တိုးချဲ့ အစီအစဉ်အရ နာဂစ် ဆိုင်ကလုံး ဒေသနှင့် ပတ်သက်သည့် အရေးကိစ္စများကို သဘောတူညီပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးထံမှ သိရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရသည် နာဂစ် ဆိုင်ကလုန်းဒေသနှင့် ပတ်သက်သည့် TCG စီမံကိန်းကို တနှစ်သက်တမ်းတိုးရန် လက်ခံသဘောတူပြီး ဖြစ်သည်ဟု ပြောကြားသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=771:2009-02-27-12-32-34&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */