ရေနံမှော်နှင့်ဆက်စပ်လုပ်ငန်းများ အခက်တွေ့

Wednesday, February 11, 2009 ·

မင်းနိုင်သူ | အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများမှ ဈေးနှိမ်ဝယ်ယူခြင်း၊ ရေနံဈေး အလွန်အမင်း ကျဆင်းနေခြင်း တို့ကြောင့် မကွေးတိုင်းအတွင်းရှိ ရေနံမှော်များနှင့် ဆက်စပ်လုပ်ကိုင်နေသူများ အခက် တွေ့နေ ကြရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မကွေးတိုင်းအတွင်းရှိ ရေနံမှော်များမှ တွင်းပိုင်ရှင်များအနေဖြင့် အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများ ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို မခံနိုင်ကြတော့သဖြင့် ယခုရက်ပိုင်းအတွင်း တွင်းနှုတ်နေကြပြီဖြစ်ကြောင်း တွင်းပိုင်အချို့က ပြောသည်။

ငါးရှန်တောင်၊ ဆူးဝင်း၊ ၀တောင်၊ နှောပင် စသည့် ရေနံမှော်များမှ တွင်းပိုင်များ လုပ်ငန်းများရပ်ဆိုင်းနေကြပြီး မှော်ကိုအမီပြု ရောင်းချ နေသော ဈေးဆိုင်များလည်း ပိတ်နေကြပြီဖြစ်ကြောင်း သိရသည်။

“မှော်မှာ လူသိပ်မရှိတော့ပါဘူး။ အတော်များများက တွင်းနှုတ်ကုန်ကြပြီလေ။ ဒေသခံတွေလောက်ပဲ ဆက်လုပ် နေကြတယ်။ တခြားဒေသက လာလုပ်တဲ့သူတွေက ဒေသခံတွေဆီ တွင်းပြန်ရောင်းထား ခဲ့ကြတာပေါ့။ ဒေသခံတွေကတော့ လုပ်မယ်ဆိုရင် လုပ်နိုင်သေးတယ်လေ။ ရပ်ဝေးက လာလုပ်တဲ့သူတွေ အဖို့ကတော့ မကိုက်တော့ဘူး” ဟု တွင်းပိုင်တဦးက ပြောသည်။

တရက်လျှင် တပေပါထွက်သော တွင်းတတွင်းကို ယခင်က (၁၀) သိန်းနှုန်းဖြင့် အရောင်းအ၀ယ် ပြုခဲ့ကြ သော်လည်း ယခုအခါ ရောင်းချလိုသူ များပြားလာခြင်း၊ ၀ယ်ယူနိုင်သော ဒေသခံ နည်းပါးနေခြင်း တို့ကြောင့် တတွင်းလျှင် (၅) သိန်းသာရတော့သည်ဟု တွင်းပိုင်က ဆိုသည်။

ယခင်က ဒေသခံလူနည်းစုသာ လုပ်ကိုင်နေသော ရေနံတူးလုပ်ငန်းတွင် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ အခြားဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်းနှီးလုပ်ကိုင်လာကြပြီး အကျိုးအမြတ်ပမာဏ ကြီးမှန်းသိသောအခါ အာဏာပိုင်များနှင့် ပတ်သက်သော ကုမ္ပဏီများက တွင်းတူးမှုမပြုဘဲ တွင်းပိုင်များ ရရှိထားသော ရေနံများကိုသာ ဈေးနှုန်းထိန်းချုပ်ဝယ်ယူခဲ့ကြသည်။

ယင်းကဲ့သို့ ၀ယ်ယူခြင်းကြောင့် ဒေသခံများနှင့် တွင်းပိုင်များက မခံနိုင်ကြတော့ရာမှ ဇန်န၀ါရီ (၈) ရက်တွင် နှောပင်ရေနံမှော်၌ ကောင်းဇော်ဟိန်းကုမ္ပဏီ မီးရှို့ဆန္ဒပြခံရသည်။ နယ်မြေခံတပ်တခုက ဒေသခံလူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရေနံပွဲစား (၂၀) ယောက်ထက် မနည်းကို ဖမ်းဆီးထားဆဲဖြစ်သည်။

“အခုမလွတ်တဲ့အပြင် ပခုက္ကူထောင်ကို ပို့လိုက်ပြီ။ ပြီးခဲ့တဲ့အပတ်က ပို့တာ။ စောစောက မြိုင်ရဲစခန်းမှာပဲ ချုပ်ထားတာလေ။ ရမန်ကြီးတပတ်ထပ်ယူပြီး နေပြည်တော်က ဆင်းစစ်မယ်လို့ကြားတယ်။ ပခုက္ကူ ဘုန်းကြီးကျောင်းတကျောင်းမှာ သူတို့ကိုတွေ့ဖို့ သွားစောင့်နေတဲ့ မိသားစုတွေကိုလည်း တွေ့ခွင့်မ ပေးဘူး။ နောက်ထပ်လည်း လူ (၁၇) ယောက် ထပ်ဖမ်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ရေနံမှော်များမှ ထွက်ရှိလာသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချပေးနေရသော ကျောက္ကာရွာမှ ရေနံချက်ဖို များသည်လည်း ရေနံဈေးနှုန်းကျဆင်းနေခြင်းကြောင့် ချက်လုပ်နှုန်းကျဆင်းနေကြောင်း သိရသည်။

“ပန့်ဆီဈေးကျနေတော့ ချက်ဆီလည်း ကျတာပေါ့။ အခုတော့ အော်ဒါမှာမှပဲ ချက်ကြတော့တာ။ အရင်လို ၀ယ်ချက်ရောင်းမရှိတော့ဘူး။ ကုန်ကြမ်းစိမ်းဈေးက တပေပါ (၈) သောင်းလောက်နဲ့ဝယ်ရပြီး ချက်ပြီး မန္တလေးအရောက်ပို့ဈေးက (၉) သောင်းပဲရတော့ မကိုက်ကြတော့ဘူး။ အလုပ်မပြတ်ရုံသာ မှေးလုပ်နေကြ ရတာ။ ဒါကလည်း ဓာတ်ဆီဈေးလေးက ဖူးနေလို့ လုပ်သာလှဲ့သာရှိနေတာ။ ဓာတ်ဆီဈေးက ပိုနေတော့ ဓာတ်ဆီပဲချက်နေကြတာများတယ်။ ဒီဇယ်ဆီဈေးကလည်းကျနေတော့ ချက်ဆီကို ရောလို့မရတဲ့အတွက် ကြောင့်လည်းပါတယ်” ဟု ချက်ဖိုပိုင်ရှင်တဦးကပြောသည်။

၂၀၀၈ စက်တင်ဘာလအထိ ဓာတ်ဆီ၊ ဒီဇယ်ဆီ တပေပါ ကျပ်နှစ်သိန်းကျော်ရှိနေရာမှ တဖြည်းဖြည်း ကျဆင်း လာရာ ယခုအခါ ငါးဆယ်ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး တပေပါ ကျပ်တသိန်းကျော်သာရှိတော့သည်။

source by : http://www.khitpyaing.org/news/February_09/11-2-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */