အေးလဲ့ | သတင်းရယူစဉ် ဖမ်းဆီးခံသည့် မြန်မာ လူငယ် သတင်းထောက် မအိမ့်ခိုင်ဦးအား ဂျပန်နိုင်ငံအခြေစိုက် APF သတင်းဌာနက ဆု ချီးမြှင့်မည်ဟု သိရသည်။
![]() မအိမ့်ခိုင်ဦး |
ဆုရရှိသူ မအိမ့်ခိုင်ဦးသည် ရန်ကုန်မြို့တွင် အပတ်စဉ် ထုတ်ဝေသော အီကိုဗွီးရှင်း (Eco Vision) ဂျာနယ်၏ သတင်းထောက်တဦး ဖြစ်ပြီး နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများနှင့် ပတ်သက်သည့် သတင်းလိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။
မအိမ့်ခိုင်ဦးသည် APF သတင်းဌာနက နှစ်စဉ် ချီးမြှင့်မည့် အဆိုပါ ခန်းဂျိနာဂအိ ဆုကို ပထမဦးဆုံး ရရှိသူဖြစ်သည်။
အဆိုပါဆုကို ယခုလအတွင်း ပြုလုပ်မည့် မြန်မာသတင်းသမဂ္ဂ (BMA)၏ ညီလာခံတွင် ချီးမြှင့်မည်ဟု BMAအဖွဲ့၏ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။
“မြန်မာနိုင်ငံမှာ သေဆုံးသွားရှာတဲ့ ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက်ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုပေးဖို့ စီစဉ်တာဖြစ်ပါတယ်။ သူ့(မအိမ့်ခိုင်ဦး) ကိုယ်စား တစုံတယောက်က လက်ခံရယူမှာဖြစ်တယ်။ ငွေသားဆု အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးမှာ ဖြစ်ပါတယ်” ဟု ဦးစံမိုးဝေက ဧရာဝတီ ကို ပြောပြသည်။
![]() ရန်ကုန်မြို့တွင် သေနတ်ကျည်ဆံ ထိပြီး သေဆုံးသွားသော ဂျပန်သတင်းထောက် ကန်ဂျီးနာဂအိ (ဓာတ်ပုံ - Reuters) |
၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အာဏာပိုင်တို့က မအိမ့်ခိုင်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင် ရောက်ရှိနေသည်ဟု သိရသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=723:2009-02-16-11-34-44&catid=1:news&Itemid=2










0 comments:
Post a Comment