ရိုဟင်ဂျာများ နိုင်ငံမဲ့ပြီ

Friday, February 06, 2009 ·

ဇာနည်ဝင်း | ရိုဟင်ဂျာများသည် မိမိတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးက ပြောကြားလိုက်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။


ထိုင်းနိုင်ငံရောက် လှေစီးရိုဟင်ဂျာများ (ဓာတ်ပုံ - အေပီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးမှ သံရုံး ယာယီတာဝန်ခံ ဒေါ်အေးအေးမူက ရိုဟင်ဂျာ များသည် မြန်မာနိုင်ငံသားများ မဟုတ်ဘဲ လူသားချင်း စာနာမှုအရ ၎င်းတို့ကို မြန်မာ့ မြေပေါ်တွင် နေထိုင်ခွင့် ပေးထားခြင်းဖြစ်ပြီး ယခုအခါ မြန်မာပြည်တွင် ရိုဟင်ဂျာ နှစ်သိန်းခန့် နေထိုင်လျက်ရှိသည်ဟု ပြောသည်။

ဘန်ကောက်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံး ယာယီတာဝန်ခံ မစ္စတာ Sayed Golam Zahid ကလည်း အလားတူ ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ သုံးသိန်းခန့် ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက လှေစီးရိုဟင်ဂျာများ ထွက်ခွာရာနိုင်ငံများ၊ ဆိုက်ရောက်ရာ နိုင်ငံများမှ သံတမန်များကို ယမန်နေ့က ရနောင်းမြို့ရောက် ရိုဟင်ဂျာများကို သွားရောက် ပြသခဲ့ရာ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် သံတမန်များက ယင်းသို့ ပြောကြားကြခြင်းဖြစ်သည်။

ရိုဟင်ဂျာများသည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နေထိုင်သော မွတ်စလင် ဘာသာဝင်များ ဖြစ်သည်။ ၎င်းတို့ နေထိုင်ရာဒေသမှ မလေးရှားနိုင်ငံသို့ ပင်လယ်ခရီးဖြင့် စွန့်စားသွားရောက်စဉ် ၎င်းတို့လှေကြီးများ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများသို့ ဆိုက်ကပ် သောင်တင်လေ့ရှိသည်။

ယခုအခါ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လှေစီးရိုဟင်ဂျာ ၇၈ ဦး သောင်တင်နေသည်။ ၎င်းတို့သည် ပြီးခဲ့သည့်လက တရားမဝင် ဝင်ရောက်လာမှုဖြင့် ထောင်ဒဏ် ၅ ရက် ကျခံခဲ့ရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အရာရှိများက ၎င်းတို့ထံ သွားရောက် တွေ့ဆုံနေကြောင်း သိရသည်။

ရနောင်းမြို့ ဒေသခံများက ရိုဟင်ဂျာများအား လက်ခံခြင်းမပြုရန်၊ ဒုက္ခသည်စခန်းများလည်း တည်ဆောက်ခြင်း မပြုရန် ပြီးခဲ့သည့် အင်္ဂါနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ Suthep Thaugsuban က ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်းများ တည်ဆောက်မည်မဟုတ်ဟု သတင်းဌာနများသို့ ပြောကြားလိုက်သည်။ ထပ်မံ ရောက်လာမည့် ရိုဟင်ဂျာ နှစ်သိန်း၊ သုံးသိန်း၏ ဝန်ထုပ်ဝန်ပိုးကိုလည်း ထိုင်းနိုင်ငံက ထမ်းနိုင်မည်မဟုတ် ဟု ဆိုသည်။

အင်္ဂါနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် အဆိုပါ ရိုဟင်ဂျာများထံမှ တယ်လီဖုန်း နံပါတ်များ ရှာဖွေတွေ့ရှိ ရကြောင်း ရေးသားထားသည်။ လှေစီးရိုဟင်ဂျာများ၏ နောက်ကွယ်တွင် ထိုင်းအခြေစိုက်ဟု ယူဆရသည့် လူကုန်ကူးသူများ ရှိနေသည်ဟု ထိုင်း အထက်လွှတ်တော် လုံခြုံရေးရာ ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက် ကိုလည်း ကိုးကားထားသည်။

လှေစီးရိုဟင်ဂျာများကို တတိယနိုင်ငံတခုသို့ ပို့ဆောင်ရန်အတွက် ထိုင်းနိုင်ငံသို့ရောက်ရှိရေး စီစဉ် ဆောင်ရွက် နေမှုများအား ကော်မတီက တွေ့ရှိရသည်ဟု ဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=688:2009-02-05-12-05-00&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */