နစက ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦး သေဆုံး

Saturday, February 28, 2009 ·

ငြိမ်းချမ်း | ဘင်္ဂလားဒေ့ရှ် (မဇ္ဈိမ)။ ။ မြန်မာနယ်စပ် နတ်မြစ်အတွင်း နယ်စပ်ဒေသေ စိစစ်ကြီးကြပ်ရေး - နစက က ပစ်ခတ်သဖြင့် ယခုလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်တဦး သေဆုံးကာ၊ တဦး ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်း မောင်တောသို့ လှေတစီးဖြင့် ငါးဝယ်သွားစဉ် နံနက် ၆ နာရီခန့်တွင် ငခူရ အခြေစိုက် အမှတ် ၄ နစက ပစ်ခတ်ခဲ့ သဖြင့် ဝိုက်ကျောင်းကျေရွာနေ ၃ဝ နှစ်အရွယ် စူလတန် အာမက် (Sulatan Armad) သေဆုံးခဲ့ပြီး ၃၂ နှစ်အရွယ် စိုးယွတ်ဟူဆင် (Soyout Hossain) မှာ ညာဘက်ရင်ဘတ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

“ငခူရ နစက လှမ်းပစ်တာ သေနတ် သုံးချက်ပစ်တယ်။ ပထမ တချက်မှာ ကျနော့် ရင်ဘတ်ကိုမှန်ပြီး ဒဏ်ရာရသွားတဲ့ အချိန်မှာ စူလတန်က လှေကို ကျနော်တို့ နိုင်ငံဘက်ကို ပြန်လှည့်တဲ့အချိန်မှာ တတိယ ကျည်ဆံက သူ့ကို မှန်ပြီးတော့ ရေထဲကို ကျသွားတယ်” ဟု သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ခံထားရသူ စိုးယွတ်ဟူဆင် (Soyout Hossain) က မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် အခြား ငါးဖမ်းလှေများက ရင်ဘတ်တွင် ဒဏ်ရာရခဲ့သူ စိုးယွတ်ဟူဆင် လှေကို ဘင်္ဂလားဒေ့ရှ်သို့ ဆွဲလာပြီး ကော့စ်ဘာဇာ ဆေးရုံသို့ ပို့ခဲ့ကြသည်။ ယခုအခါ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိတော့ပါ။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် ၄၃ ရိုင်ဖယ်က ဗိုလ်မှူး ဟေလာခမ်း (BDR of Major Hallakhan) ဦးဆောင်ပြီး သေဆုံးသူ၏ ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ ကျေးရွာ ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူ ဘဲဂွန်းခါလက်တို့က အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင် နစက နှင့် တွေ့ဆုံကာ သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်တောင်းခဲ့သည်။

သေဆုံးသွားသူနှင့် ဆွေးမျိုးတော်စပ်သူ မူဟာမက် ယူစွတ်က (MD, Usout) “ကျန်ရစ်သူ မိသားစုကလည်း သေဆုံးသွားတဲ့ အလောင်းကို လိုချင်တယ်၊ မြင်ချင်တယ်။ ခင်ပွန်းသည်ရဲ့ နောက်ဆုံး သွားရာလမ်းမှာ အလောင်းကို မူစလင် ထုံးစံအရ လုပ်ချင်လို့ အလောင်းကို ပြန်တောင်းနေတာ မရဘူး။ သူတို့က ငါတို့ဆီမှာ မရှိဘူးလို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

တက္ကနာမြို့နယ် ထောက်လှမ်းရေး မူဟာမက် နိုဒူ (MD, Nodu) ကလည်း “ဆွေးနွေးပွဲမှာ အလောင်းပြန်ရဖို့၊ နောက်ထပ် ဒီပြဿနာမျိုး မဖြစ်ဖို့ ဆွေးနွေးကြတယ်။ ဘယ်အချက်ကိုမှ သဘောတူညီချက် မရသေးဘူး” ဟု ဆိုသည်။

နောက်ဆက်တွဲသတင်းအရ သေဆုံးသူ၏ ရုပ်ကလာပ်ကို ယခု ၂၆ ရက်နေ့တွင် တက္ကနာမြို့အနီး နတ်မြစ်အတွင်းက ပြန်ရခဲ့ပြီး လက်ဝဲဘက် ရင်အုံတွင် ကျည်ဆံ ထိမှန်ခဲ့ကြောင်း ယူစွတ်က အတည်ပြု ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် လာရောက် သစ်ခုတ်သဖြင့် နစက တပ်၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်းက သေဆုံးမှုအချို့ ရှိခဲ့သည်။

source by : http://www.mizzimaburmese.com/news/regional/2523-2009-02-28-08-19-17.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */