ဝနှင့် စစ်အစိုးရ တင်းမာမှု တိုးလာနေ

Friday, January 30, 2009 ·

သတင်း ကိုစိုး ဧရာဝတီ | ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာ စစ်အစိုးရ စစ်တပ်များ အကြား မပြေမလည် တင်းမာမှုများ တိုးလာနေကြောင်း သိရသည်။

ယခုလ ၁၉ ရက်က စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သည့် အဖွဲ့ဝင် ၃၀ ခန့် ပါဝင်သော အဖွဲ့သည် ၀ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ ၀ဒေသအ၀င်တွင် ၎င်းတို့၏ လက်နက်များကို ၀တပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းခဲ့သည့် လက်နက်များအား ၂ ဖက် တွေ့ဆုံ ဆွေးနွေးမှုပြီးချိန်တွင်မှ ပြန်လည် ပေးအပ်ခဲ့သည်။ ယင်း ခရီးစဉ် နောက်ပိုင်းမှ စတင်၍ ထိုကဲ့သို့ တင်းမာမှုများ တိုးလာခဲ့ခြင်း ဖြစ်သည်ဟု ၀အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော ကလည်း ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် အဖွဲ့သည် ရှမ်းပြည်နယ် ပန်ဆန်း ဒေသရှိ UWSA ဌာန ချုပ်သို့ သွားရောက်၍ လက်နက်စွန့်ရေး ဆွေးနွေး ခဲ့ကြောင်း ပြောဆိုသည်။

ဝအဖွဲ့ကို လေ့လာနေသော မန်းအိုက်ဖုန်းကမူ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ၀ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၀ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးရာ များကို ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး UWSA ၏ အခြေအနေကို လေ့လာခြင်း ဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရက ၎င်းတို့၏ အခြေခံဥပဒေကို ယမန်နှစ် မေလ အတွင်း၌ အတည်ပြုခဲ့ ပြီးနောက် ယင်းအခြေခံ ဥပဒေမှ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ အသစ်အား လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် ကြေညာခဲ့သည်။ ထို ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံမှုရရှိရန် ဆန့်ကျင်ဘက် အဖွဲ့အစည်းများသို့လည်း ကိုယ်စားလှယ် လွှတ်၍ စည်းရုံး လှုပ်ရှားမှုများကို ပြုလုပ်သည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း၌ UWSA အပါအ၀င် လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ လက်နက်စွန့်ရေး အတွက် စစ်အစိုးရက ဖိအားပေးရန် အစီစဉ်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုး က UWSA တပ်မဟာ ၄၈၆ မှ ဗိုလ်မှူးကြီး စိုင်းဆမ် နှင့် ပန်ဆိုင်းမြို့တောင်ဘက်ရှိ မုန်းပေါက်နယ်မြေတွင်တွေ့ဆုံ၍ လက်နက်နှင့် ငြိမ်ချမ်းရေးလဲလှယ်ရန် ဖိအားပေးမှုကို ၀ ဘက်က ငြင်းဆိုခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးခွန်ဆိုင်းက ပြော သည်။

ယခုလဆန်းပိုင်းကလည်း UWSA အဖွဲ့က ၎င်းတို့၏ ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် သတ်မှတ်ပေးရန် တင်ပြချက်ကို မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ခြင်းမရှိကြောင်း၊ သို့သော် ၀ အဖွဲ့က “မြန်မာနိုင်ငံတော် ၀ ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေးဒေသ”ဟူသော အသုံးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နေကြောင်း သိရသည်။

UWSA ငြိမ်းချမ်းရေးယူခဲ့သည့် ၁၉၈၉ ခုနှစ်က စတင်၍ မြန်မာစစ်အစိုးရက ၀ ဒေသကို “ရှမ်းပြည်နယ် အထူး ဒေသ ၂ ”အဖြစ် သတ်မှတ် သုံးစွဲခဲ့သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ကလည်း စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံသို့ ၂၀၀၃ ခုနှစ် အတွင်းက တက်ရောက်၍ ယင်း ၀ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုခဲ့ကြောင်းသိရသည်။

ယခုအခါ UWSA တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့်ကို ထိုင်း-တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် တပ်ဖြန့်ချထား ကြောင်း၊ ရှမ်းပြည်နယ် အောက်ဘက်တွင်လည်း ၆၀၀၀၀ မှ ၁၂၀၀၀၀ ခန့်ရှိသော ၀ ရွာသားများအခြေချနေထိုင် လျှက်ရှိကြောင်း လေ့လာသူများက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */