သတင်း ဧရာဝတီ | ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံမှ လူငယ်များကို ပြန်ပေးဆွဲနေသည် ဟူသော သတင်းများ ထွက်ပေါ်နေသည်။ အဆိုပါ လူငယ်များ ပြန်ပေးဆွဲ ခံထားရသည် ဆိုသော တရုတ်-မြန်မာ နယ်စပ် ကချင် ပြည်နယ်တွင် အပစ်ရပ် အဖွဲ့များက လောင်းကစား ရုံများ ဖွင့်လှစ်ထားသည်။
တရုတ်အစိုးရ သတင်းစာ တစောင်ဖြစ်သော China Daily က Shanxi ခရိုင်မှ တရုတ် လူငယ် အနည်းဆုံး ၅ဝ သည် မြန်မာနိုင်ငံမှ လူဆိုးဂိုဏ်းများ၏ လက်ထဲတွင် ရှိပြီး လူငယ်တို့၏ မိဘများထံမှ ငွေကြေး တောင်းခံလျက် ရှိသည်ဟု ရေးသားထားသည်။
ပြန်ပေးဆွဲခံရသည့် လူငယ်အချို့မှာ ရိုက်နှက် ညှဉ်းပန်း ခံရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လမှ စတင်၍ ပြန်ပေးဆွဲမှုများ ပုံမှန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် အပတ်ကလည်း အသက် ၁၆ နှစ် နှင့် ၁၉ နှစ် အရွယ်ရှိ လူငယ်နှစ်ဦး ပြန်ပေးဆွဲ ခံရကြောင်း၊ တရုတ် အာဏာပိုင် များကလည်း စုံစမ်း ထောက်လှမ်းလျက် ရှိသည်ဟု ဆိုသည်။
ပြန်ပေးဆွဲ အပြီးတွင် တောင်းခံသည့် ငွေကို ဘဏ်မှတဆင့် ပေးရန် မိဘများထံသို့ တယ်လီဖုန်းဆက် အကြောင်းကြားသည်ဟု သတင်းစာတွင် ရေးသားထားသည်။ ထိုလူငယ်နှစ်ဦးကို ကချင်ပြည်နယ် မိုင်ကြာယံ (Maijayang) မြို့တွင် ဖမ်းဆီးထားသည်ဟု ပြောကြားကြောင်းလည်း ဖော်ပြထားသည်။
မိုင်ကြာယံသည် အပစ်ရပ် အဖွဲ့တခုဖြစ်သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ထိန်းချုပ်ထားပြီး တရုတ် လောင်းကစား ရုံများဖြင့် စီးပွားဖြစ်နေသည့် ဒေသဖြစ်သည်။
တရုတ်နိုင်ငံသား လောင်းကစားရုံ လုပ်ငန်းပိုင်ရှင်များက အဆိုပါ ပြန်ပေးဆွဲမှုများ၏ နောက်ကွယ်တွင် ရှိနိုင်ကြောင်း၊ လောင်းကြေးငွေ မပေးနိုင်သည့် လောင်းကစား သမားများကို ပြန်ပေးဆွဲခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်မှ သတင်းရပ်ကွက် တခုက ဧရာဝတီသို့ ပြောပြသည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပြန်ပေးဆွဲ ခံထားရတဲ့ လူငယ် နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွား ကြတယ်။ နှိပ်စက်ခံရလို့ သတ်သေတာလို့ ဆိုတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်သော Kachin News Group မှ ကိုနော်ဒင်က ဆိုသည်။
၂ဝဝ၇ ခုနှစ်မှစ၍ ပြန်ပေးဆွဲမှုများ စတင် ပေါ်ပေါက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြန်ပေးဆွဲခံရသည့် အရေအတွက် များပြားလာကြောင်း မန္တလေးမြို့ တရုတ် ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းတဦးက တရုတ်နိုင်ငံမှ Shanghai Daily သတင်းစာသို့ ပြောကြားခဲ့သည်။
တရုတ်များ ကချင်ဒေသတွင် ပြန်ပေးဆွဲခံနေရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment