နာဂစ်ဒေသမှ ကလေးငယ်များကို ဈေးပေါပေါနှင့် ခိုင်းစေနေ

Friday, January 23, 2009 ·

သတင်း ကြည်ဝေ ဧရာဝတီ | နာဂစ် မုန်တိုင်းဒဏ် သင့်ခဲ့သော ဒေသများမှ ကလေးများကို ရေလုပ်ငန်းရှင်များ အပါအ၀င် တခြား လုပ်ငန်းရှင် တချို့က လုပ်အားခ သက်သာသဖြင့် အလုပ်ကြမ်း များတွင် ခိုင်းစေမှုများ ပြုလုပ်လျက်ရှိသည်ဟု သတင်း ရရှိသည်။

မုန်တိုင်းဒဏ်သင့်ဒေသများမှ အသက် ၁၀ နှစ်နှင့်အထက် ကလေးငယ်များကို ရေလုပ်ငန်း များတွင် အများဆုံး စေခိုင်းလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ပြည်တွင်း အန်ဂျီအို အဖွဲ့တခုမှ တာဝန်ခံတဦးကပြောဆိုသည်။

တနိုင် ငါးဖမ်းလှေများ၊ ငါးဖမ်းစက်လှေကြီးများတွင်သာမက ပင်လယ်ကမ်းဝေး ငါးဖမ်း လုပ်ငန်းများကပါ ကလေးအလုပ်သမားများ ခေါ်ယူစုဆောင်းလျက်ရှိသည်ဟု သူက ပြောဆိုသည်။

“ငါးဖမ်းစက်လှေ တော်တော်များများက အခုဆို နာဂစ်က ကလေးတွေကိုပဲ ခေါ်တော့တယ်။ စရိတ်က တော်တော်ကွာတာကိုး။ ကလေးတွေက တနေ့ကို ငွေကျပ် သုံးရာလောက် ပေးပြီး ထမင်းကျွေးရင်ရပြီ။ လူကြီးဆိုရင် အနည်းဆုံး တနေ့ ကျပ် ၂၀၀၀ လောက် ပေးရတာ” ဟု သူက ပြောပြသည်။

အဆိုပါ ကလေးများကို ခိုင်းစေရာတွင် ပိုက်ချခိုင်းခြင်း၊ ရေငုတ်ခိုင်းခြင်းများ ပြုလုပ်ခိုင်းပြီး တချို့ ခန္ဓာကိုယ် ကြီးသော ကလေးများဆိုလျှင် ပိုက်ဆွဲသော အလုပ်ကိုပါ လုပ်ရလေ့ ရှိကြောင်း သိရသည်။

ကလေးလုပ်သားများမှာ လူကြီးများထက် ပိုမို ပေါ့ပါးကာ အလုပ်ကိုလည်း မခိုမကပ် လုပ်လေ့ရှိပြီး တချို့ ရေလုပ်ငန်းများတွင် ကျွမ်းကျင်မှု နည်းသူများအတွက် အန္တရာယ် ရှိသော်လည်း အလုပ်ရှင် စိတ်တိုင်းကျ လုပ်ကိုင်ပေးတတ်သည့်အတွက် ကလေး လုပ်သားများကို အလုပ်ရှင်များက သဘောကျကြကြောင်း လက်ခစား ရေလုပ်သားတဦးက ပြောဆိုသည်။

လက်ရှိ ကလေးအလုပ်သမားတဦး၏ တနေ့ လုပ်အားခများမှာ အနိမ့်ဆုံး ကျပ် ၃၀၀ မှအမြင့်ဆုံး ကျပ် ၁၀၀၀ ဈေးရှိပြီး ရိုးရိုး လူကြီးအလုပ်ကြမ်း သမားများ၏ တနေ့ လုပ်အားခမှာ အနိမ့်ဆုံး ကျပ် ၁၅၀၀ မှ အမြင့်ဆုံး ကျွမ်းကျင်အဆင့် ဆိုလျှင် ကျပ် ၃၀၀၀ နှုန်းရှိကြောင်း လက်ခစား ရေလုပ်သားတဦးက ရှင်းပြသည်။

ငါးဖမ်းစက်လှေတစင်းမှ ကလေးအလုပ်သမား တဦးဖြစ်သော အသက် ၁၂ နှစ်အရွယ် မောင်မျိုးမင်းက “ပင်ပန်းပေမယ့် ပျော်ပါတယ်။ ထမင်းစားဖို့အတွက် ဒီလိုပဲ လုပ်ရတာပေါ့” ဟု ပြောဆိုသည်။

မောင်မျိုးမင်း၏ မိခင်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ပြီး ယခုအခါ အကို ၀မ်းကွဲ ဖြစ်သူနှင့် နေထိုင်လျက်ရှိသည်။ နာဂစ်မုန်တိုင်း မတိုင်မီက ၆ တန်းအထိ ကျောင်းနေခဲ့ဖူး သော်လည်း ယခုအခါ ကျောင်းမနေနိုင်တော့ဘဲ ထမင်းနပ်မှန်အောင် စားရရေးအတွက် ငါးဖမ်းစက်လှေ တစင်းတွင် အခစား လိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လပွတ္တာမြို့ပေါ်ရှိ စားသောက်ဆိုင်တခုတွင် တောက်တိုမယ်ရ လုပ်ကိုင် ပေးနေရသော အသက် ၁၁ နှစ်အရွယ် ပိုးပိုးကလည်း နာဂစ်မုန်တိုင်းကြောင့် ဖခင်နှင့် အကို ဆုံးရှုံးခဲ့ရပြီး မိခင် နှင့် မောင်ငယ်သာ ကျန်ရစ်ခဲ့သူ ဖြစ်သည်။ စီးပွားပျက် သွားသည့် အတွက် ယခုကဲ့သို့ ထမင်းဆိုင်တွင် ပန်းကန်ဆေးသည့် အလုပ်ကို တလ ငွေ ၅၀၀၀ ကျပ် နှုန်းဖြင့် လုပ်ကိုင် နေရပြီး ထိုငွေဖြင့် မိခင်နှင့် မောင်ငယ်ကို ထောက်ပံ့နေရသည်။

ပိုးပိုးသည် အလုပ်လုပ်ရသည့်အတွက် ၀မ်းမနည်းသော်လည်း အမေနှင့်ခွဲရပြီး အိမ်ပြန်ချင် စိတ်ကြောင့် မကြာခဏ ငိုရကြောင်း ပြောပြသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများမှ အသက် ၁၀ နှစ် ၀န်းကျင်နှင့် အထက် ကလေးများမှာ ယခုအခါ ရေလုပ်ငန်းများ၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် တခြား လက်တိုလက်တောင်း လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင် နေရခြင်းမှာ စားဝတ်နေရေးကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“မိဘမရှိတော့တဲ့ ကလေးရော မိဘ ရှိနေသေးတဲ့ ကလေးတွေရော ငတ်တလှည့် ပြတ်တလှည့်နဲ့ အဆင်မပြေ တွေဖြစ်နေကြတော့ ဘယ်လိုလုပ်ပြီး ကျောင်းတက်နိုင်မှာလဲ” ဟု လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ကုန်းကြီး ကျေးရွာမှ ကျောင်းဆရာ တဦးက သုံးသပ် ပြောဆိုသည်။

အဆိုပါ ကလေးငယ်များအား ယူနီဆက်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက ကျောင်းဆောက်ပေးခြင်း၊ ကျောင်းသုံးပစ္စည်းများ ပံ့ပိုးခြင်း ပြုလုပ်ပေးကြသော်လည်း ယခုကဲ့သို့ ကလေးအလုပ်သမား အဖြစ်သို့ မရောက်စေရန် ကြိုတင်စဉ်းစားကာ ထိထိရောက်ရောက် ကူညီပေးခြင်းက ပိုအရေးကြီးသည်ဟု အဆိုပါ ကျောင်းဆရာက ဆက်ပြောသည်။

အဆိုပါ ဒေသမှ မိဘမဲ့ ကလေးတချို့သာလျှင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပေးသော ထောက်ပံ့ ပစ္စည်းများကို ရရှိကြသော်လည်း အများစုမှာ စာရင်းကျန်ခဲ့ခြင်း၊ လူကြီးများ၏ ခေါင်းပုံ ဖြတ်မှုကို ခံကြရ ခြင်းတို့ကြောင့် ထောက်ပံ့ ပစ္စည်းများနှင့် ခွဲတမ်းဆန်များကိုပင် ပြည့်ပြည့်၀၀ မရသော ကလေးများရှိကြောင်း သိရှိရသည်။

World Vision အဖွဲ့မှ ၀န်ထမ်းတဦးက ၎င်းတို့အဖွဲ့ သွားရောက်ကူညီခဲ့သော ဒေသများမှ ကလေးများသည် လည်း ခေါင်းပုံဖြတ်ခြင်း အမျိုးမျိုးနှင့်၏ ကြုံတွေ့နေရသည်ကို တွေ့မြင်ရသည်ဟု ပြောပြသည်။

အလုပ်ရှင်အများစုမှာ အရွယ်မရောက်သေးသော အသက် ၁၈ နှစ်အောက် ကလေးများကို ခိုင်းစေပါက ကလေးဥပဒေနှင့် အရေးယူနိုင်သည် ဆိုခြင်းကိုပင် မသိကြဘဲ သိသူများကလည်း တကယ် အရေးယူခြင်း မရှိသောကြောင့် ပြောင်ပြောင်တင်းတင်းပင် ခိုင်းစေ နေကြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

“ကျနော်တို့ နိုင်ငံက မဖွံ့ဖြိုးဘူး။ ဆင်းရဲတော့ ကလေးတွေကို မိဘတွေ ကိုယ်တိုင်ကိုယ်က ကာကွယ် မပေးနိုင်ဘူး။ ဒါ့အပြင် လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်ရောက်ရင် ခိုင်းစားရတဲ့ ဘ၀ ရောက်ကုန်ကြတယ်။ ဒါ ကလေးသူငယ်ဥပဒေနဲ့ ငြိတယ် ဆိုတာလည်းမသိကြဘူး” ဟု သူက သုံးသပ်ပြသည်။

နာဂစ်မုန်တိုင်းသင့် ဒေသများတွင် World Vision က Child Friendly Place ၁၀၀ ထိဖွင့်လှစ်ပေးထားပြီး ကလေးပေါင်း ၂ ထောင် ၀န်းကျင်ခန့်ကို စိတ်ဒဏ်ရာ ကုသပေးလျက်ရှိသော်လည်း ထိုဂေဟာများတွင် အသက် ၇ နှစ်အောက် ကလေးငယ်များသာ အများဆုံးဖြစ်သည်ကို တွေ့မြင်ရသည်။

ထို့ပြင် မုန်တိုင်းသင့်ဒေသများမှ အသက် ၁၄နှစ် အထက် ကလေးတချို့ကို ကလေး စစ်သားများအဖြစ် တပ်မ ၆၆ နှင့် တပ်မ ၆၃ တို့က စုဆောင်းလျှက်ရှိသည်ကို တွေ့ရကြောင်း လပွတ္တာခရိုင် အခြေစိုက် အိုင်အန်ဂျီအို အဖွဲ့အစည်း တခုမှ ၀န်ထမ်းများက ပြောပြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */