သတင်း NEJ ခေတ်ပြိုင် | အိန္ဒိယနိုင်ငံတွင် ကုန်သည်ကြီး ဂျီအယ်လ်ဂိုအင်ကာ ခေါင်းဆောင်သော ကုန်သည် (၁၅) ဦးပါအဖွဲ့က မြန်မာနိုင်ငံမှ Export လုပ်ငန်းရှင်ကုန်သည်များနှင့် တိုက်ရိုက် ကုန်ပစ္စည်းများ ၀ယ်ယူရန် လာခဲ့သော်လည်း အရောင်းအ၀ယ်မဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) ၏ အဖွဲ့ဝင်တဦးက ပြောသည်။
“မြန်မာနိုင်ငံကို အိန္ဒိယတွေလာတယ်။ ၀ယ်သူအနေနဲ့ လာတာပါ။ မြန်မာနိုင်ငံဘက်က ကုမ္ပဏီတွေ (၆၀) လောက် လာကြတယ်။ ရောင်းမယ့်သူတွေပေါ့ဗျာ။ ဒါမျိုး ၀ယ်သူ၊ ရောင်းသူ တိုက်ဆိုင်တာ ပထမဦးဆုံးပဲဗျ။ UMFCCI က လုပ်ပေးတာပဲ။ သူက ကြားက ဆောင်ရွက်ပေးတဲ့သဘောပါ။ ဒါပေမယ့် အခုထိ အရောင်းအ၀ယ် မဖြစ်ဘူး” ဟု အဆိုပါအဖွဲ့ဝင်က ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၅) ရက်က အဆိုပါ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မြန်မာကုန်သည်တွေက တွင်းထွက် ကျောက်မျက်၊ ဆန်၊ ပရဆေး၊ လက်မှုပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများစွာတို့ကို အခမ်းအနားတွင် တပြိုင်နက်တည်း ပြသခဲ့သည်မှာ ဟုတ်မှန်ကြောင်း UMFCCI ၏ အရာရှိတဦးက ဆိုသည်။
ယခုတိုင် အရောင်းအ၀ယ်မဖြစ်သေးသည်မှာ မြန်မာကုန်သည်များနှင့် အိန္ဒိယကုန်သည်တို့ကြားမှ ငွေပေးချေမှု စနစ်ကြောင့်ဖြစ်ကြောင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့သည့် ပြည်တွင်းကုမ္ပဏီတခု၏ မန်နေဂျင်း ဒါရိုက်တာ တဦးက ပြောသည်။
“ကျနော်တို့ ငွေပေးချေမှုစနစ်မှာ (၂) မျိုးရှိသည်။ TT (Telegraph Transfer) နှင့် LC (Letter of Credit) ဆိုပြီး ရှိတဲ့အနက်မှာ အရင်တုန်းကတော့ LC နဲ့ပဲ ငွေပေးချေကြတယ်။ အခုက LC နဲ့ဆိုရင် ငွေရဖို့ အချိန် (၂) လကျော်ကြာတယ်။ အိန္ဒိယကလည်း LC နဲ့ ပဲဝယ်မယ်။ ကျနော်တို့ကလည်း TT နဲ့ ရောင်းချင်တယ်။ စီးပွားရေးက ပျက်နေတော့ အမှန်အတိုင်း ပြောရရင် ငွေမြန်မြန်ရမယ့်စနစ်နဲ့ပဲ ရောင်းချင်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
အိန္ဒိယမှ ကုန်သည်များ မြန်မာကုန်သည်များနှင့်လာရောက်တွေ့ဆုံမှုတွင် ဆန်ကို အဓိက၀ယ်ယူလိုကြောင်း UMFCCI ၏ တာဝန်ရှိသူတဦးက ပြောသည်။
ရောင်းသူဝယ်သူတိုက်ရိုက် တွေ့ဆုံမှုကို UMFCCI က ဆောင်ရွက်ပေးပြီး မြန်မာကုန်သည်များအနေဖြင့် တနေရာတည်းတွင် အရောင်းအ၀ယ်ပြုလုပ်ကြရန် စားပွဲဝိုင်းများနှင့် တိုက်ဆိုင်စကားပြောခဲ့ကြသည်ဟု ထောပတ်လုပ်ငန်းတခုက ပြောသည်။ အိန္ဒိယနိုင်ငံဘက်က မြန်မာမှကုန်သည်များနှင့် ဆက်သွယ်ထားကာ ပစ္စည်းလိုအပ်ကြောင်း အကြောင်းကြားမှုကို UMFCCI က ကြားခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဆီက ကုန်ပစ္စည်းကို ကြိုက်ပြီဆိုရင် ဆက်သွယ်ပါမယ်တဲ့။ အခုကတော့ UMFCCI က ဆက်သွယ်ပေးတဲ့နေရာမှာ TT စနစ်နဲ့ LC စနစ်ကို ဘယ်စနစ်နဲ့ အသုံးပြုမည်ဆိုတာ မပြောသေးဘူးဗျ။ အရောင်းအ၀ယ်ဖြစ်မယ်ဆိုရင် ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေရှိလဲ ဆိုတာ ကျနော်တို့ မသိဘူး” ဟု အဆိုပါ ရောင်းသူဝယ်သူ တိုက်ရိုက်တွေ့ဆုံသည့်နေ့က တက်ရောက်ခဲ့သော မြန်မာပဲကုန်သည်တဦးက ပြောသည်။
အိန္ဒိယမှ ကုန်သည်များ မြန်မာပစ္စည်းဝယ်ဖို့လာ ငွေချေစနစ် အငြင်းပွား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment