သတင်း ဧရာဝတီ | ထိုင်း အာဏာ ပိုင်များက မကြာ သေးခင်က ဖမ်းဆီး၍ မြန်မာ နိုင်ငံဘက်သို့ ပြန်ပို့ လိုက်သည့် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့မှ ကျောင်းဆရာနှင့် မိသားစုဝင် ၃ ဦးကို မြန်မာ အာဏာ ပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ သည်။
ရနောင်းမြို့တွင် ကျောင်းဆရာလုပ်နေသော ဦးကိုကြီးဆိုသူနှင့် ၎င်း၏ မိသားစုဝင်များဖြစ်သော ဇနီး၊ သမီးနှင့် သားမက်ဖြစ်သူတို့ကို ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဇန်န၀ါရီ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ ကော့သောင်း မြို့ ဘက်သို့ ပို့ဆောင်လိုက်ပြီးနောက် ကော့သောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နယ်စပ် ဒေသခံများ က ပြောသည်။
အဆိုပါ ဦးကိုကြီးသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော အတိုက်အခံအဖွဲ့များ၊ ပြည်ပအခြေစိုက် မြန်မာ သတင်း ဌာနများနှင့် အဆက်အသွယ်ရှိသည်ဟု အာဏာပိုင်များက သံသယရှိနေကြကြောင်းလည်း ၎င်းတို့က ဆိုသည်။
ဦးကိုကြီးသည် မကြာသေးခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန အပါအ၀င် ဘီဘီစီ ရေဒီယို သတင်း ဌာနများသို့ အင်တာဗျူးများ ပေးခဲ့သည်ဟုလည်း သိရသည်။
ဦးကိုကြီးအား မဖမ်းဆီးခင် ထိုင်းအာဏာပိုင်များက ၎င်း၏ အိမ် နှင့် ကျောင်းကို ၀င်ရောက် စီးနင်း၍ ကွန်ပျူတာ တချို့ နှင့် ကားကို သိမ်းဆည်းခဲ့ကြောင်းလည်း ဒေသခံ ကိုမောင်တူးက ပြောသည်။
ဦးကိုကြီးသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြည်တွင်းမှ ထွက်ပြေးရောက်ရှိလာသူများအတွက် နိုင်ငံ တကာ ခရစ်ယာန် ဘာသာ ရေးအဖွဲ့ (Jesuit Refugee Service) ၏ ကူညီထောက်ပံ့မှုဖြင့် ရနောင်းမြို့တွင် အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း ဖွင့်လှစ်၍ သင်ကြားပေးနေသူဖြစ်ကြောင်းလည်း သိရှိရသည်။
ဦးကိုကြီးနှင့် မိသားစုဝင်များသည် ၂၀၀၃ ခုနှစ်ကစတင်၍ ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့ ၏ သားသမီးများကို စာပေသင်ကြားပေးနေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြန်ပို့ခံရသည့် မြန်မာ ၄ ဦး ကော့သောင်းရဲ ဖမ်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment