ဆိုင်ကယ်ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေ

Monday, January 19, 2009 ·

သတင်း NEJ ခေတ်ပြိုင် | နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော် ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံး သတင်း ရပ်ကွက်က ပြောသည်။

မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်း ကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူ များလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေးဝန်ထမ်းတဦးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ် တက္ကစီ မောင်းသူ များလာသည့်အပြင် ကျွမ်းကျင်မှုမရှိသည့် ဆိုင်ကယ်တက္ကစီများက ကားကို ၀င်တိုက်သည့် အမှုများလည်း မကြာခဏရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။

နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထားစီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ်ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော်ဝန်ထမ်းတဦးက ပြောသည်။

နေပြည်တော် ဆိုင်ကယ်တက္ကစီ မောင်းသူများသည် တနေ့ ကျပ်ငွေ (၃,၀၀၀) ဆိုင်ကယ်ပိုင်ရှင်ကို ပြန်ပေးရန် ရှာရသည့်အတွက် အလုအယက် အမြန်မောင်းရာမှ ထိခိုက်မှုများကြုံရသည်ဟုသည်း တရားရုံး သတင်းရပ်ကွက် က ပြောသည်။ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံရှိ လူနာအများစုမှာ ဆိုင်ကယ်တိုက်မှုကြောင့် ရောက်လာသည့် လူနာက အများစုဖြစ်နေသည်ဟု စုံစမ်းသိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */