ငွေဆောင်ကမ်းခြေ ဆိုင်ကယ်မစီးရ ဧရာဝတီ ဒု-တိုင်းမှူး အမိန့်ထုတ်

Friday, January 30, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်မစီးရန် ဧရာဝတီတိုင်း ဒု-တိုင်းမှူးက မကြာသေးမီ က အမိန့်ထုတ်ပြန်ထားကြောင်း ငွေဆောင်မှ သတင်းရရှိသည်။

“ဆိုင်ကယ်အစီး (၁၀၀) ကျော်ရှိတယ်။ ခရီးသွားဧည့်သည်တွေက စီးမယ် တောင်းဆိုတဲ့အခါ မငှားဘူးလို့ ပြောလို့ရပါ့မလား။ ဧည့်သည်တွေက သတ်မှတ်လမ်းမှာပဲ စီးပါမယ်လို့ လက်မှတ်ထိုးပေးတာ မဟုတ်ဘူး။ သူတို့ကို ငှားလိုက်ရင် ကမ်းခြေမှာပဲစီးကြတာများတယ်။ စီးပွားရေးက သိပ်ကောင်းတာမဟုတ်ဘူး။ ဒီနှစ်ဆို ပိုဆိုးတယ်။ အခု ဆိုင်ကယ်ငှားလို့ အရေးယူခံရသူတွေရှိတယ်။ ကိုညီငှားလိုက်တဲ့ ဆိုင်ကယ်ဆိုပါစို့။ အဲဒီဆိုင်ကယ်ကို ကမ်းခြေမှာ စီးတဲ့အခါ နံပါတ်ကို မှတ်ထားပြီး ဒဏ်ငွေရိုက်တယ်၊ တခါရိုက်ရင် (၅,၀၀၀) ကျပ်။ ကျနော်တို့ ငှားလို့ရတဲ့ ပိုက်ဆံက (၃,၀၀၀) ကျပ်ကနေ (၁၀,၀၀၀) ကျပ်ထိရှိတယ်။ (၁၀,၀၀၀) ကျပ်က ရံဖန်ရံခါပဲရတယ်။ တနေကုန်နီးပါးပဲ။ အခု ဒဏ်ငွေ (၅,၀၀၀) ကျပ် ရိုက်ပြီး နောက်နေ့မှာ ဧည့်သည်ကို ငှားမိလို့ ဧည့်သည်က ကမ်းခြေမှာပဲစီးဖို့ တောင်းဆိုလို့ ကမ်းခြေမှာစီးမိတာကို နောက်ထပ် နံပါတ်မှတ်ထားပြီး ဒဏ်ရိုက်တယ်။ (၃) ခါ ဒဏ်ရိုက်ပြီး လိုင်စင်ပါပိတ်တယ်လို့ လုပ်ပစ်ရော” ဟု ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်ငှားသူတဦးက ပြောသည်။

ငွေဆောင်ရှိ ဟိုတယ်တခု၏ မန်နေဂျာက “အခုတလော ဆိုင်ကယ်တွေ မတွေ့ရဘူး။ (၁၀) စီးလောက်ပဲ တွေ့ရတယ်။ မငှားရဲကြဘူးနဲ့ တူတယ်။ ဒီမှာ စောင့်ကြည့်တဲ့သူတွေကတော့ ဒေသအာဏာပိုင်တွေ၊ ဟိုတယ်ကော်မတီတွေရယ်ပေါ့။ ဒီမှာက နယ်ကျဉ်းတဲ့အတွက် ဘယ်နံပါတ်၊ ဘယ်သူ့ဆိုင်ကယ်ဆိုတာ သိပြီးသား၊ လှုပ်လို့မရဘူး” ဟု ပြောသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီ ပထမပတ်က ငွေဆောင်သို့ သွားရောက်လည်ပတ်ခဲ့သူတဦးက “ဒီကမ်းခြေက ချောင်းသာလို မဟုတ်ဘူး။ အရမ်းကို ရှည်တယ်။ အစအဆုံးသွားဖို့ ဆိုင်ကယ်ကို ငှားရမယ်။ အခု ဆိုင်ကယ်သမား တွေဟာ မငှားရဲဘူး။ ကမ်းခြေမှာမဟုတ်ဘဲ အခြားနေရာမှာ စီးမယ်ဆိုမှ ငှားမယ်တဲ့။ ငွေဆောင်မှာ ဆိုင်ကယ်စီးရတာလည်း အရသာတမျိုးပဲ။ အခု မစီးရတော့ဘူး” ဟု ပြောသည်။

၎င်းကမ်းခြေတွင် ဆိုင်ကယ်မစီးရဟု အမိန့်ထုတ်ခြင်းမှာ ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်းပြချက်တခုတည်းသာဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသားတွေက တိတ်ဆိတ်ပြီး အနားယူနေချိန်မှာ ဆိုင်ကယ်သံကြောင့် အနှောင့်အယှက်ဖြစ်တယ်။ ဒါကြောင့် အခုလိုလုပ်တာလို့ သိရတယ်” ဟု ငွေဆောင်ဟိုတယ် ပိုင်ရှင်တဦးက ပြောသည်။

သို့သော် ဆိုင်ကယ် ငှားရမ်းစီးကြသူများအနက် ပြည်တွင်းဧည့်သည်များ ပိုများပြီး ပြည်ပ ဧည့်သည် များလည်း ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး အပိုင်း (၁) တွင် (၅) မိုင်ခန့်နှင့် အပိုင်း (၂) တွင် (၄) မိုင်ကျော် ရှည်ကာ ၎င်း (၂) ခုကြားတွင် ငွေဆောင်ရွာ တည်ရှိကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */