ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်

Wednesday, January 28, 2009 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | ရိုဟင်ဂျာ ပြဿနာများကို ဖြေရှင်းရန် အတွက် မြန်မာ စစ်အစိုးရက ထိုင်းအစိုးရကို အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ထိုင်းဘုရင့် တပ်မတော် စစ်သေနာပတိချုပ် Songkitt Jaggabatara က ယနေ့ ပြောကြား လိုက်သည်။


မြန်မာစစ်သားများ လက်ချက်ဖြင့် ဒဏ်ရာရလာသော ရိုဟင်ဂျာများကို ထိုင်းသူနာပြုများက ကုသပေးနေစဉ် (ဓာတ်ပုံ - အေပီ)
ထိုင်း စစ်သေနာ ပတိချုပ်သည် မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ ၂၆ ရက်နေ့က နေပြည်တော်သို့ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ရိုဟင်ဂျာ ကိစ္စများကို ဖြေရှင်းရာတွင် မြန်မာ စစ်အစိုးရက ပါဝင် ကူညီမည်ဟု အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် ရိုဟင်ဂျာများမှာ တရားဝင် မြန်မာတိုင်းရင်းသား မျိုးနွယ်စု ၁၂၀ အတွင်း မပါဝင်သည့် တိုင်အောင် ယင်းကိစ္စရပ်ကို ဖြေရှင်းရာတွင် ပါဝင် ကူညီသွားမည် ဖြစ်ကြောင်း ထိုင်း စစ်သေနာပတိချုပ် က TNA သတင်းဌာနသို့ ပြောသည်။

မြန်မာပြည်မှ လှေဖြင့် ထွက်လာကာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေများသို့ အဆက်မပြတ် ဝင်ရောက်နေသည့် ရိုဟင်ဂျာများ၏ ပြဿနာကို မြန်မာ စစ်အစိုးရ အနေနှင့် ရေရှည်အတွက် မည်သို့ မည်ပုံကူညီ ဖြေရှင်းပေးမည် ဆိုသည်ကိုမူ ထိုင်းစစ်သေနာပတိက ပြောကြားခြင်း မရှိပေ။

မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ် ဒေသများတွင် ရွှေ့ပြောင်း အခြေချသူများ များပြားနေသည်မှာ ထူးခြား ထင်ရှားသည့် ဖြစ်ရပ်မဟုတ်ဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တခုသာ ဖြစ်ကြောင်း နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များက လက်ခံ ကြသည်။

ထိုပြဿနာကို နှစ်နိုင်ငံ ဒေသအာဏာပိုင်တို့ ညှိနှိုင်း ဖြေရှင်းလိုက်လျှင် ပြေလည် သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ထိုင်း စစ်သေနာပတိ နှစ်ဦးစလုံး ယုံကြည်နေကြကြောင်း TNA တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းသို့ နောက်ဆုံး ရောက်လာသည့် လှေပေါ်၌ ရိုဟင်ဂျာ ၇၈ ယောက်ပါလာပြီး ၎င်းတို့ကို ထိုင်းရေတပ်က ထိန်းသိမ်းထားသည်။ ထိုအထဲမှ အများစုတွင် အရှိုးရာများ၊ မီးလောင် ဒဏ်ရာများနှင့် တခြား ဒဏ်ရာဒဏ်ချက်များ တွေ့ရပြီး မြန်မာစစ်သားတို့၏ လက်ချက်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ဟု ရုပ်မြင်သံကြား သတင်းများတွင် ဖော်ပြထားသည်။

မြန်မာ စစ်သားများက ၎င်းလှေကို ပင်လယ်ထဲ မောင်းထုတ်ရုံမျှမက ပါလာသည့် ရိုဟင်ဂျာတို့ကို ရိုက်နှက်ခြင်း အရည်ပြားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းစာမျက်နှာက ရိုဟင်ဂျာတို့၏ ပြောပြချက်များကို ကိုးကား ရေးသားထားသည်။

ယခုအခါ ဒဏ်ရာ ဒဏ်ချက်များ ရရှိထားသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ပင်လယ်ထဲ ပြန်မလွှတ်သေးဘဲ ဆေးမှူးများနှင့် ကုသပေးလျှက် ရှိသည်ဟု သိရသည်။

ရိုဟင်ဂျာများမှာ မြန်မာပြည်က ထွက်ခွာလာခဲ့သူများ ဖြစ်သော်လည်း မြန်မာစစ်အစိုးရက ၎င်းတို့ကို တိုင်းရင်းသားများအဖြစ် အသိအမှတ် မပြုချေ။

မြောက်မြား လှစွာသော ရိုဟင်ဂျာများသည် မြန်မာပြည် ရခိုင်ကမ်းရိုးတမ်း ဒေသမှတဆင့် နှစ်စဉ် လှေများဖြင့် တခြားဒေသများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်လာကြမြဲ ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများသို့ ရိုဟင်ဂျာများ ဝင်ရောက်လာမှုမှာ တဖြည်းဖြည်း မြင့်တက် လျှက်ရှိပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။

ယခုလက်ရှိ အနေအထားအရ ထိုင်းရေတပ်သည် ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ပြစ်တင် ဝေဖန်မှုများကို ပြင်းထန်စွာ ခံနေရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */