နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်ပြီ

Friday, January 23, 2009 ·

သတင်း ဇာနည်ဝင်း ဧရာဝတီ | မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းကို တားမြစ် လိုက်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။


ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မလေးရှားရောက် နိုင်ငံခြားသားတို့၏ ရှေ့ရေးကလည်း မရေမရာ ဖြစ်လာသည် (ဓာတ်ပုံ - အေပီ)
နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း အဆိုပါ အမည် မဖော်လိုသူ အရာရှိက ပြောပြသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်းစာ အင်တာနက် စာမျက်နှာတွင်မူ ပြည်ပမှ အလုပ် သမားများ ခေါ်ယူမှု လျှော့ချခြင်းကို တဆင့်ပြီး တဆင့် လုပ်ကိုင်သွားမည် ဟူသော ဒုဝန်ကြီးချုပ် Datuk Seri Najib Tun Razak ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ပို့ကုန် အားထားသည့် မလေးရှား နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် ပြီးခဲ့သည့် သုံးလအတွင်း နိုင်ငံသား တသောင်းကျော်၊ နိုင်ငံခြားသား အလုပ်သမား သုံးထောင်ကျော် အလုပ်ပြုတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံသား လေးသောင်းခွဲခန့် အလုပ်ပြုတ်ဦးမည်ဟု အစိုးရက ခန့်မှန်းထားသည်။

မလေးရှားတွင် မြန်မာနိုင်ငံသား အများအပြားလည်း အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာ အလုပ်သမား တချို့သည် အလုပ် ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် အချိန်ပို အခမဲ့ လုပ်အားပေးနေရသည်ဟု မလေးရှားအခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့ တခုက ဆိုသည်။

“အိုဗာတိုင်ကြေးတွေ မပေးတော့တာတို့၊ လစာတွေ လျှော့လိုက်တာတို့ အဲဒါတွေ ရှိတယ်။ အဲဒါကို မကျေနပ်ရင်တော့ ပြန်ရမယ်ပေါ့” ဟု မြန်မာနိုင်ငံသား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (BWRPC) မှ ကိုရဲမင်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

“အသက် ၂၃ နဲ့ ၂၈ ကြားထဲရှိတဲ့ မိန်းကလေးတွေ။ ဗမာပြည်ကနေ စက်ချုပ်မယ် ဆိုပြီး ဒီလာ။ ဒီလာပြီးတော့ ယုံတောင် မယုံနိုင်စရာပဲ၊ တခါ အလုပ်လုပ်ရင် နာရီ ၂၀၊၂၆ နာရီ အဲဒီလို လုပ်ရတာ။ ပလာတာ တချပ်ကျွေးတယ်။ ပြီးတော့ အဲဒီလို လုပ်ရတာ” ဟု ကိုရဲမင်းထွန်းက ရှင်းပြသည်။

စက်ရုံ အလုပ်သမားများသည် လစာငွေ မလေးရှား ရင်းဂစ် ၅၀၀ကျော် (ဒေါ်လာ ၂၀၀ ခန့်) ရရှိကြောင်း၊ မလေးရှား နိုင်ငံသားများ မက်မောသည့် ၀င်ငွေ မဟုတ်ကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။

မလေးရှားသည် အာရှတိုက်တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူ တင်သွင်းသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရေ ၂၇ သန်းရှိသော မလေးရှားနိုင်ငံတွင် ပြည်ပမှ အလုပ်သမားပေါင်း ၂ သန်းကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံသားများ ပါဝင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းခွင် နှင့် စက်ရုံများတွင် လုပ်ကိုင်ကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */