အိန္ဒိယဒုတိယသမ္မတ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည်

Sunday, January 25, 2009 ·


အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ
ဟာမစ်ဒ် အန်ဆာရီ
သတင်း ပလက်နက် | အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ ဖြစ်သူ ဟာမစ်ဒ် အန်ဆာရီသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ အတွင်း အလည်အပါတ် လာရောက်မည်ဟု သိရှိရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ယခုနှစ်များအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနေပြီး ယခုကဲ့သို့ အန်ဆာရီ၏ အလည်အပတ် ခရီးစဉ်သည် အရှေ့ဘက် အိမ်နီးချင်းနိုင်ငံနှင့် ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ကြည်ရေးနှင့် အခြားသော ကဏ္ဍများတွင် တိုးတက်လာစေရန် ရည်ရွယ် ထားကြောင်း အိန္ဒိယနိုင်ငံ အစိုးရက ကြေညာခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ ပေါများစွာ ထွက်ရှိနေသော သဘာဝဓာတ်ငွေ့များကို ၀ယ်ယူရန် ဆန္ဒရှိနေရာ ယခု ခရီးစဉ် အတွင်း အဆိုပါ ကိစ္စကို ထည့်သွင်း ဆွေးနွေး သွားဖွယ် ရှိနေသည်။ အိန္ဒိယ အခြေစိုက် ONGC Videsh ကုမ္ပဏီလီမိတက်သည် ရခိုင်ကမ်းလွန်ရှိ ဓာတ်ငွေ့ တူးဖော်ရေး စခန်း (၃)ခုကို လုပ်ကိုင်ခွင့်ရရှိရန် မြန်မာနိုင်ငံ အစိုးရနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

မြန်မာနှင့် အိန္ဒိယတို့သည် မကြာသေးမီကမှ ချင်းတွင်းမြစ်ကြောင်းပေါ်တွင် ထမံသီနှင့် ရွှေဇေရေအားလျှပ်စစ် စီမံကိန်းအတွက် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ်တစ်ရပ် ချုပ်ဆိုထားကြသည်။ ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း နှစ်နိုင်ငံကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်သည်။ ယခုအခါ အိန္ဒိယအစိုးရမှ ဒုတိယဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး မြန်မာနိုင်ငံသို့ အလည်အပါတ် လာရောက်ရန် ပြင်ဆင်မှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာ တိုးတက်လာမှု၏ ပြယုဂ်တစ်ခု ဖြစ်နိုင်ကြောင်း အရှေ့တောင်အာရှ နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုခဲ့ကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */