အိုဘားမားကို မြန်မာတို့ အားကျ

Thursday, January 22, 2009 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | အမေရိကန် သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမေရိကန် ပြည်သူ၊ ပြည်သား များသာမက နိုင်ငံတကာနှင့် မြန်မာ ပြည်တွင်းရှိ ပြည်သူ လူထုကပါ စိတ်ဝင်တစား ပြောဆို နေကြကြောင်း ကြားသိရသည်။


အင်ဒိုနီးရှား ကလေးငယ်တဦး၏ အားကျအကြည့် (ဓာတ်ပုံ - ရိုက်တာ)
အိုဘားမား အကြောင်း စိတ်ဝင်စားသူ မြန်မာပြည်သူ လူထုထဲတွင် ပညာတတ် အသိုင်းအဝန်း လူလတ်ပိုင်း အရွယ်များ၊ သက်ကြီး ရွယ်အိုများ၊ လူငယ် စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ်နှင့် လူလတ် သတင်း သမားများ၊ ရဟန်း သံဃာတော်များ ပါဝင်သည်။

ရန်ကုန်မြို့ရှိ သက်တော် ၃၀ ကျော်အရွယ် ဓမ္မာစရိယဘွဲ့ရ ဦးပဉ္ဖင်းတပါးက အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲမျိုး မြန်မာပြည် တွင်လည်း ကျင်းပချင်သည်ဟု မိန့်သည်။ ယင်း ဦးပဉ္ဖင်းသည် ၂၀၀၈ နိုဝင်ဘာလက အမေရိကန် နိုင်ငံသို့ ခေတ္တ အလည်အပတ် ရောက်ရှိစဉ် ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော် ရှေ့၌ နာရီအတော်ကြာ သွားထိုင်နေခဲ့သည်ဟု ပြောပြသည်။

ဆက်လက်၍ “အိုဘားမားက အရမ်းတော်တဲ့ ပဂ္ဂိုလ်ပဲ။ ဦးပဉ္ဖင်းတော့ သူ့ကို တော်တော် အားကျတယ်။ သူ့ရဲ့ ကျမ်းကျိန်ပွဲ ရုပ်သံကို ညဥ့်ဦး ၇ နာရီခွဲ လောက်ကနေ မနက် ၃ နာရီထိ ထိုင်ကြည့်ခဲ့တာ” ဟု မိန့်သည်။

မြန်မာပြည်တွင်းရှိ လူလတ်ပိုင်းအရွယ် ပညာတတ်အသိုင်းအဝိုင်းအတွက် အိုဘားမားမှာ စံပြပုဂ္ဂိုလ် တဦးပင်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ လူငယ်အယ်ဒီတာတဦးက ဆိုသည်။

စစ်အစိုးရပိုင် သတင်းစာ ၂ စောင်နှင့် ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုင်း၏ နိုင်ငံတကာ ကဏ္ဍများ၌ အိုဘားမား နှင့် ပတ်သက်သည့် သတင်းများကို ရေးသားဖော်ပြနေ သကဲ့သို့ ရန်ကုန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ စားသောက်ဆိုင်များတွင်လည်း အိုဘားမားအကြောင်းကို ဝိုင်းဖွဲ့ပြောဆိုမှုများရှိသည်ဟု ၎င်း အယ်ဒီတာက ပြောသည်။

“သူ့ကျမ်းကျိန်ပွဲက တကယ်အားရစရာကြီး။ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတခု ဖြစ်၊ ကိုယ်ကြိုက်တဲ့သူကို ကိုယ် လွတ်လွတ်လပ်လပ် မဲပေးပြီး အဲဒီလိုပွဲမျိုး ကျင်းပချင်တယ်။ ခုတော့ လွတ်လွတ် လပ်လပ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာတောင် မသိတော့ပါဘူး” ဟု သူကဆိုသည်။

ဆက်လက်၍ ၎င်းက အိုဘားမားသည် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသူဖြစ်ပြီး အောက်ခြေ လူတန်းစားထဲမှ တက်လာသူဖြစ်ကာ ပြည်သူလူထုက ကျေကျေနပ်နပ်တင်မြှောက်သည့် ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဆိုသည်။

အသက် ၅၀ ဝန်းကျင်ရှိ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးကလည်း “အိုဘားမားကို အရမ်းသဘောကျတာပဲ။ ငယ်ငယ်ရွယ်ရွယ် ထက်ထက်မြက်မြက်နဲ့ သူများနဲ့ မတူတဲ့အမြင်ရှိတယ်။ သူ့ရဲ့ မိန့်ခွန်းတွေကို အရမ်းကြိုက်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ပညာတတ် လူလတ်တန်းစား အသက်အရွယ်ကြီးရင့်သူများမှာ အိုဘားမား၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို အိပ်ရေးပျက်ခံ စောင့်ကြည့်အားပေးကြသည်ဟု ကြားသိရသည်။

ထုတ်ကုန်၊ သွင်းကုန် ကုမ္ပဏီတခု၏ မန်နေဂျာ လူငယ်တဦးကမူ အိုဘားမားသည် လူမည်း တဦးလည်းဖြစ်ပြီး လူငယ်တဦးလည်းဖြစ်သောကြောင့် အမေရိကန်ပြည်သူလူထုက စမ်းသပ်သည့်အနေနှင့် သမ္မတရာထူးကို အပ်နှင်းလိုက်သည်ဟုထင်ကြောင်း ပြောပြသည်။

“ခုလို အကြပ်အတည်းကာလမှာ မင်းလုပ်ကြည့်စမ်းပါကွာဆိုပြီး စမ်းတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့နေ လူငယ်စီးပွားရေးသမား တဦးကလည်း အိုဘားမားကို လက်ခံသဘောကျ ကြောင်းနှင့် မြန်မာပြည်ကို စစ်အာဏာရှင် လက်ထဲမှ လွတ်မြောက်၍ အမေရိကန်ကဲ့သို့ ဒီမိုကရေစီ နိုင်ငံ အဖြစ် မြင်ချင်သည်ဟု ပြောသည်။




ဓါတ်ပုံ အကြီးကြည့်ရန် ပုံပေါ်ကလစ် နှိပ်၍ကြည့်ပါ။

3D ဖြင့်ကြည့်လိုပါက အောက်ပါပုံပေါ်ကလစ်နှိပ်၍ကြည့်ပါ.. ဓါတ်ပုံကြည့်ရန် အတွက် ဤ Installer လေးက ကူညီပါလိမ့်မယ်။
4Obama 3D Photo Show

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */