မြန်မာ၂ဦး ပင်လယ်တွင် ၁လနီးပါး မျောပါခဲ့

Tuesday, January 20, 2009 ·

သတင်း ရိုက်တာ မိုးမခ | မြန်မာငါးဖမ်းလုပ်သား၂ဦးသည် ၎င်းတို့၏ ငါးဖမ်းလှေ တိမ်းမှောက်ပြီးနောက် ပင်လယ်ထဲတွင် တလနီးပါးခန့် အသက်ရှင်နေထိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးဝန်ထမ်းများက ပြောပြသည်။ အဖုံးပွင့်ရေခဲသေတ္တာကြီးအတွင်း ၀င်ရောက်နေထိုင်ပြီး ငါးမန်းပေါများသော ပင်လယ်ထဲတွင် မျှောပါနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


လေယာဉ်ပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံတွင် ကယ်ဆယ်သူများကို ၀မ်းသာအားရ ဝှေ့ယမ်းအချက်ပြနေသူနှစ်ဦးကို တွေ့ရသည်။ ငါးဖမ်းလှေများတွင် ပင်လယ်စာများသိုလှောင်လေ့ရှိသည့် အအေးခန်းသေတ္တာအတွင်း ၀င်ရောက်လိုက်ပါခဲ့ခြင်းဖြစ်သည်။
နှစ်ဦးစလုံး အသက် ၂၀ ကျော်အရွယ်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ၎င်းတို့အလုပ်လုပ်ကိုင်သည့် ၁၂ မီတာ ရှည်လျားသည့် ထိုင်း ငါးဖမ်းလှေ နစ်မြှုပ်ခဲ့ကြောင်း၊ လှေပေါ်တွင် အခြား ၁၈ ဦးလည်း ပါဝင်ကြောင်း သြစတေးလျနိုင်ငံ ရေကြောင်းသွားလာရေး လုံခြုံမှုဆိုင်ရာအဖွဲ့ ပြောခွင့်ရအမျိုးသမီး Tracey Jigginsက ပြောပြသည်။

“သူတို့မှာ ကယ်ဆယ်ရေးအထောက်အကူပြု ပစ္စည်းတွေ ဘာမှ မပါဘူး။ ရိက္ခာ မပါဘူး။ ဆက်သွယ်ရေး ပစ္စည်းတွေလည်း မပါဘူး။ ရေထဲ မျှောနေတာ ၂၅ ရက်တောင် ကြာတယ်”ဟု သူက ရှင်းပြသည်။ ၎င်းတို့ စီးနင်းခဲ့သည့် ရေခဲသေတ္တာမှာ စာရေးစားပွဲအရွယ် ရှိသည်ဟု သူက ပြောပြသည်။

"ဒီလောက်ကျယ်တဲ့ ပင်လယ်ကြီးထဲမှာ သူတို့၂ယောက်ကို ရှာတွေ့လိုက်တာက တော်တော်လေး အံ့သြဖို့ ကောင်းတယ်" ဟု သူက မှတ်ချက်ချသည်။

ပြီးခဲ့သည့် စနေနေ့တွင် သြစတေးလျ ကမ်းရိုးတန်း ကင်းလှည့်လေယာဉ်က ၎င်းတို့၂ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကယ်ဆယ်ရေးရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်ပြီး သြစတေးလျနိုင်ငံမြောက်ပိုင်း ကြာသပတေးကျွန်း (Thursday Island)ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

"သူတို့၂ယောက်က ရဟတ်ယာဉ်ပေါ် အရမ်းကို တက်ချင်နေတာ။ အပေါ်ရောက်တာနဲ့ ရေ(၂လီတာ)ပုလင်းကို သောက်လိုက်ကြတာ ခဏလေး ကုန်တာပဲ”ဟု ရဟတ်ယာဉ်မောင်းသူက Australian ရုပ်သံသို့ ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးစလုံး ဆာလောင်နေပြီး၊ ရေဓာတ် ခမ်းခြောက်နေကြောင်း ဆေးရုံဝန်ထမ်းများက ပြောပြသည်။ ယခုအခါ ပြန်လည်နာလန်ထလာပြီဖြစ်၍ ယနေ့ ညနေပိုင်းတွင် ဆေးရုံမှဆင်းနိုင်ပြီဟု ဆိုသည်။

ဆေးရုံမှဆင်းပြီးသည့်အခါ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့တို့က ၎င်းတို့အား စစ်ဆေးမေးမြန်းမည်ဖြစ်သည်။ ၎င်းတို့ မည်သို့ ရှင်သန်နေထိုင်ခဲ့သည်၊ အစားအစာနှင့် သောက်ရေအတွက် မည်သို့ စီမံခဲ့သည်ကို မသိရသေးပေ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */