အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် မီးသွေးလုပ်ငန်းလုပ်ကိုင်သူများ စာဝတ်နေရေးကြပ်တည်းလာ

Tuesday, January 27, 2009 ·

သတင်း ဖြိုးကြီး ရိုးမ၃ | ပလောင်ဒေသအတွင်း အာဏာပိုင်အဖွဲ့များက မီးသွေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှ အခွန်များ တိုးမြှင့်ကောက်ခံနေသည့်အတွက် ဒေသခံများ စာဝတ်နေရေးအခြေအနေ ပိုမိုကြပ်တည်းလာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်းဝီး-နမ့်ခမ်းလမ်းတလျှောက်တွင် ရဲ၊ သစ်တော၊ စစ်တပ်၊ အကောက်ခွန်နှင့် ပြည်သူ့စစ်အဖွဲ့များက ယခုနှစ်စပိုင်းမှ စတင်ကာ အခွန်များ တိုးမြှင့်ကောက်ခံနေခြင်းကြောင့် ဖြစ်သည်။

"ကားတစ်စီးမှာ မီးသွေးက ပိဿ (၆,၀၀၀) လောက်ပဲ တင်လို့ရတယ်၊ အဲဒါ အကုန်ရောင်းမှ (၈) သိန်းလောက်ရတာ၊ ကားခက (၃) သိန်း ပေးရတယ်၊ အဲဒီလမ်းတလျှောက် အာဏာပိုင်အဖွဲ့တွေကို ပေးရတာက (၂) သိန်းခွဲလောက်ကုန်တယ်၊ အရင်တုန်းက ကျနော်တို့ ဒီလောက်မပေးရဘူး၊ အခုတော့ အမြတ်မပြောနဲ့ အရင်းတောင်မရဘူး" ဟု မီးသွေးကုန်သည်တဦးက ပြောသည်။

ယခင်ကလဲ ယခုကဲ့သို့ အဖွဲ့ပေါင်းစုံက အခွန်ကောက်ခံခြင်းများရှိခဲ့သော်လည်း ယခုအခါ ပိုမို တောင်းယူ လာသည့်အပြင် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများပါ ရှိနေကြောင်း ဒေသခံကုန်သည်က ဆက်ပြောသည်။

ပလောင်လူမျိုးများသည် လ္ဘက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်သော်လည်း လ္ဘက်ရာသီချိန် ပြီးလျှင် မီးသွေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ယခုကဲ့သို့ အာဏာပိုင်အဖွဲ့များက အဆမတန် ငွေကြေးတောင်းယူမှု များကြောင့် ဒေသခံများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း တအာဝ်း ကျောင်းသား နှင့် လူငယ်များ အစည်းအရုံး မှ မိုင်းအောင်ကို က ပြောသည်။

"ကျနော်တို့ပလောင်လူမျိုးတွေက လ္ဘက်ရာသီချိန်မဟုတ်တဲ့အခါကျတော့ လ္ဘက်ကနေ အားကိုးလို့ မရတဲ့အခါ ကျတော့ အဓိက သစ်တောတွေကို သူများဆီက ဝယ်ယူပြီး မီးသွေးဖုတ်ရတာ၊ ပြီးရင် သယ်လာပြီး ရောင်းရတယ်၊ အဲလို အခွန်တွေ မတရားများလာတဲ့အခါကျတော့ ဒီလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကြောင်း နေတဲ့သူတွေ အခြေအနေက တော်တော်ဆိုးရွားလာတယ်" ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ပလောင်ဒေသအတွင်း ယခုကဲ့သို့ ငွေကြေး မတရားတောင်းယူနေခြင်းအပြင် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကိုလည်း ပတ်သက် လုပ်ကိုင်နေခြင်း များရှိကြောင်း ဒေသခံများက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */