ရိုဟင်ဂျာများကို ညှာတာရန် ထိုင်းကို ပန်ကြား

Saturday, January 17, 2009 ·

သတင်း ဧရာဝတီ | မြန်မာပြည်မှ လှေဖြင့် ရောက်လာသော ရိုဟင်ဂျာများကို ပင်လယ်တွင်းသို့ ပြန်လည် မောင်းထုတ် နေခြင်းများအား ရပ်ဆိုင်းရန် ဒုက္ခသည် အဖွဲ့အစည်း တခုက ထိုင်းအစိုးရကို တောင်းဆို လိုက်သည်။


ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများ
(ဓာတ်ပုံ: Royal Thai Navy)
အမေရိကန် အခြေစိုက် Refugees International အဖွဲ့ကြီး၏ တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အထက်ပါ အတိုင်း တောင်းဆို ထားခြင်း ဖြစ်သည်။ ထိုင်းအစိုးရ အနေဖြင့် “ဖမ်းဆီးရမိသည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်း နေထိုင်သူများကို ပင်လယ်ပြင်သို့ မောင်းထုတ်နေသော ထိုင်းစစ်တပ်၏ မူဝါဒသစ်အား ဖျက်သိမ်းပစ်ရန် ညွှန်ကြား သင့်သည်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များက လှေတစီးကို နိုင်ငံတကာ ရေပိုင်နက် အတွင်းသို့ ပြန်လည် မောင်းထုတ်ခဲ့ရာ လှေပေါ်တွင် ပါသွားသူထဲမှ သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသည်ဟု အခိုင်အမာ သိရပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံး နေသည်ဟု သတင်းဌာန များမှတဆင့် သိရကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

ထိုင်းရေတပ်က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၄၁၂ ဦးကို လှေကြီး တစီးပေါ် တင်၍ ပြီးခဲ့သည့်လ ၁၈ ရက်နေ့က Koh Surin ကျွန်းမှ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပို့ဆောင် လိုက်သည်ဟု ရိုဟင်ဂျာများ အရေးကို ကူညီ ဆောင်ရွက်နေသူ တဦးဖြစ်သော ခရစ္စလီဝက ဧရာဝတီသို့ ပြောပြခဲ့သည်။

“သူတို့ ပင်လယ်ဘက် ပြန်မသွားချင်ဘူး။ လမ်းခရီးမှာ ရိက္ခာပြတ်ပြီး သေမှာကို စိုးရိမ်တယ်။ ထိုင်းစစ်တပ်က သေနတ်နဲ့ ချိန်ထားတော့ လှေပေါ် ပြန်မတက်ချင်ဘဲ တက်ခဲ့ရတယ်” ဟု ခရစ္စလီဝက ပြောပြသည်။ ထိုင်းစစ်တပ်က လှေပေါ်မှ အင်ဂျင်ကို ဖြုတ်ယူထားပြီး ရိက္ခာအဖြစ် သောက်သုံးရေ တိုင်ကီ ၂ လုံး၊ ဆန် အိတ် ၄ အိတ် ပေးလိုက်သည်ဟု ၎င်းက ဆက်လက် ပြောပြသည်။

“အင်မတန် စိတ်ပျက်စရာ အခြေအနေပါပဲ။ သူတို့ကို ပင်လယ်ထဲ ပြန်မောင်းထုတ် တာတွေကို မလုပ်သင့်တော့ပါဘူး” ဟု သူက ဆိုသည်။

အသက်ရှင် ကျန်ရစ်သူများထဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ လူငယ်တဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ လူငယ်၏ ပြောပြချက်အရ ၎င်းနှင့်အတူ ရွာမှ ထွက်လာသူများအနက် ၄ ဦးသေဆုံးပြီး ၄ ဦး အသက်ရှင် ကျန်ရစ်ကြောင်း၊ မလေးရှား နိုင်ငံသို့ သွားရောက်ရန် စိတ်ကူးခဲ့ကြကြောင်း ခရစ္စလီဝက ရှင်းပြသည်။

ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာလျက် ရှိသည်။

ပင်လယ်ရေလှိုင်း အငြိမ်သက်ဆုံး ကာလဖြစ်သည့် နိုဝင်ဘာလ နောက်ပိုင်းတွင် ပိုမို၍ စွန့်စား ထွက်ခွာလေ့ ရှိသည်။ ပြီးခဲ့သည့် အပတ်ကလည်း အင်ဒိုနီးရှား နိုင်ငံ၊ အာချေး ဒေသသို့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာပြည်မှ ရိုဟင်ဂျာ ၂ဝဝ နီးပါး ရောက်ရှိသွားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး၊ နိုင်ငံမဲ့နေသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ မြန်မာ အာဏာပိုင်များ၏ ဖိနှိပ်မှုကို ခံနေရသည်။ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် ရသူများ မဟုတ်ပေ။

ပြီးခဲ့သည့် စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွားရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်တို့က ၎င်းတို့ကို ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်လိုက်သည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက် များကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်း လာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြသည်။ အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တလအတွင်း တရားမဝင် ရောက်ရှိလာသော ရိုဟင်ဂျာများကို ဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်းမှာ ၆၅၉ ဦး ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */