မူဆယ် ဆေးရုံတွင် ဆေးစစ်သူ ၁၃ ရာခိုင်နှုန်း HIV နှင့် အတူနေ

Wednesday, December 10, 2008 ·

သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဆေးရုံသို့ ၂၀၀၈ ခုနှစ်အတွင်း သွေးစစ်လာသူ များနှင့် သွေးစစ်ကြည့်ဖြစ်သည့် လူနာ စုစုပေါင်း ၃ ထောင်ကျော်တွင် HIV နှင့် အတူနေသူ ၁၃ ဒဿမ ၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များအကြား AIDS ပူးပေါင်း ကာကွယ်ရေး အတွက် ပြုလုပ်သည့် အစည်းအဝေးတွင် မူဆယ်ဆေးရုံကြီးမှ ထုတ်ပြန်သည့် စာရင်းအရ ဆေးစစ်ဖြစ်ခဲ့သည့် လူနာပေါင်း ၂၅၆ ဦးအနက် ၁၀၂ ဦး (၃၉ ဒဿမ ၈ ရာခိုင်နှုန်း) မှာ HIV ဝေဒနာစွဲကပ်နေသည်ဟု သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင် ၁၈၀၅ ဦးတွင် ၄၅ ဦး (၂ ဒဿမ ၄၉ ရာခိုင်နှုန်း)၊ တနှစ်ခွဲကလေး ၁၁ ဦးတွင် တဦး (၉ ဒဿမ ၀၉)၊ သွေးလာစစ်သူ ၆၂၀ ဦးတွင် ၂၁၉ ဦး (၃၅ ဒဿမ ၃၂)၊ တက္ကစီကားမောင်းသူ ၃၀ ဦးတွင် ၄ ဦး (၁၃ ဒဿမ ၃)၊ မူးယစ်ဆေးထိုးသူ ၄၆ ဦးတွင် ၂၆ ဦး (၄၆ ဒဿမ ၄)၊ အဆုတ်ရောဂါသည် ၂၈၉ ဦးတွင် ၂၅ ဦး (၈ ဒဿမ ၆) ရာခိုင်နှုန်း ရှိသည်။

ထို့ကြောင့် လူဦးရေ စုစုပေါင်း ၃၀၅၇ ဦးတွင် ၄၂၂ ဦး (၁၃ ဒဿမ ၈ ရာခိုင်နှုန်း) မှာ HIV ရှိသူများဖြစ်နေသည်။

ဤသည်မှာ ၂၀၀၈ ခုနှစ်အတွင်း မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ သွေးစစ်ချက်မှတ်တမ်းဖြစ်သည်ဟု မူဆယ်ဆေးရုံနှင့် နီးကပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

ယခုစာရင်းကို နှစ်နိုင်ငံ အစည်းအဝေးတွင် HIV နှင့်ပတ်သက်သည့် သတင်းအချက်များ ဖလှယ်ရာ၌ မူဆယ် အာဏာပိုင်များက တရုတ်အာဏာပိုင်များထံ ပေးအပ်ခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးရန်နှင့် သုံးသပ်ချက်ပေးရန်အတွက် မူဆယ်ရှိ AIDS ဝေဒနာသည်များအား စောင့်ရှောက်နေသည့် အစိုးရမဟုတ်သော NGO အဖွဲ့အချို့နှင့် မူဆယ်ဆေးရုံသို့ ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက HIV အများဆုံးဖြစ်ပွားရာ ဇုန်သတ်မှတ်ထားသည့် ဒေသများဖြစ်သည့် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်နှင့် ရန်ကုန် အပါအ၀င် အချို့ဒေသများတွင် မူဆယ်မြို့လည်း ပါဝင်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ကြယ်ခေါင်နှင့် မူဆယ်တွင် လိင်ဖျော်ဖြေရေးနှင့် မူးယစ်ဆေးဝါး ကို နေရာ အများအပြားတွင် အလွယ်တကူ ရရှိနိုင်သည့် အပြင် ရွှေ့ပြောင်းအလုပ်သမားများ လာရောက်နေထိုင်မှုကြောင့် HIV ကူးစက် ပြန့်ပွားမှုလည်း လွယ်ကူကြောင်း မူဆယ် ကျန်းမာရေး ၀န်ထမ်းများနှင့် နီးစပ်သူ ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

''မူဆယ်ဆေးရုံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆေးစစ်ကြည့်လို့ ရောဂါတွေ့ပြီဆို သူတို့ကို ဒီရောဂါ ရှိတယ်လို့ နှစ်သိမ့်ပြီး ပြောပြတဲ့အခါ တချို့က ရီတောင် ရီနေသေးတယ်။ 'သြော် ဟုတ်လား။ ဒီရောဂါ ရှိနေတာလား' ဆိုပြီး။ များသောအားဖြင့်လေ အပျော်အပါး လိုက်စားတာနဲ့ မူးယစ်ဆေးဝါးစွဲသူတွေ။ နောက်တခုက အလုပ်လာလုပ်တဲ့ သူတွေကြားမှာ အဖြစ်များလာတယ်'' ဟု သူက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */