သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ရုပ်ရှင်အစည်းအရုံးက ကျင်းပပေးသည့် အကယ်ဒမီ ဆုပေးပွဲ မတိုင်မီ ဆုရရှိနိုင်သည့် မင်းသား၊ မင်းသမီး အမည်စာရင်း ကြိုတင်ခန့်မှန်းချက်များ ထုံးစံအတိုင်း ပေါ်ထွက်နေပြီ ဖြစ်သည်။
နှစ်စဉ် ကျင်းပသည့် ဆုပေးပွဲရာသီ မတိုင်မီ ၂ လခန့်အလို၌ ၂၀၀၇ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအပေါ် ယခုလို ထင်ကြေးပေးမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြူလာဂျာနယ်မှ သတင်းထောက်တဦးကမူ ဒါရိုက်တာ အန်ထော်နီ ရိုက်ကူးသည့် 'အမေနှင့်သမီးများ' ဇာတ်ကားတွင် အကယ်ဒမီ စိုးမြတ်သူဇာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ 'ရင်နင့်အောင်မွှေး' ဇာတ်လမ်းတွင် မျိုးသန္တာထွန်းနှင့် အကယ်ဒမီ လွင်မိုး၊ 'ကိုးဆယ်ဆ သာလိမ့်မယ်' ရုပ်ရှင်ကားမှ ကျော်ရဲအောင်ကို တစ်ပေးလိုက်သည်။
"အခုလောလောဆယ် အသံထွက်နေတာကတော့ စိုးမြတ်သူဇာ၊ လွင်မိုး၊ ကျော်ရဲအောင်နဲ့ မျိုးသန္တာထွန်းတို့ကို မှန်းထားကြတယ်။ တိတိကျကျတော့ မှန်းရခက်သေးတယ်" ဟု သူက ပြောသည်။
အကယ်ဒမီဆုများအတွက် ၂၀၀၇ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၀ ကားခန့်မှ ရွေးချယ်ပေးအပ်သွားမည်။
အမျိုးသမီး ဒါရိုက်တာတဦးဖြစ်သူ ကြည်ဖြူရှင်က ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးပြီး မင်းသား ကျော်သူ၊ လူမင်း၊ ကျော်ရဲအောင်တို့ ပါဝင်သရုပ်ဆောင်သည့် 'ငါ့သွေး၊ ငါ့ဓား၊ ငါ့ဧရာဝတီ' ဇာတ်ကားသည် ဇာတ်အိမ် ခိုင်မာပြီး၊ ဓာတ်ပုံများလည်း ကောင်းမွန်သည့်အပြင် သရုပ်ဆောင်ချက်များလည်း ကောင်းကြောင်း ပြောသည်။
"ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီကို ကြိုက်တယ်။ ဓာတ်ပုံတွေလည်း ကောင်းတယ်။ ဘယ်သူ အကယ်ဒမီဆိုတာ မှန်းရခက်တယ်" ဟု သူက ပြောသည်။
၂၀၀၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို မင်းသမီး နန္ဒာလှိုင်က "တောင်သမန်သစ္စာ" ဇာတ်ကားဖြင့် ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ၅ ထပ်ကွမ်း အကယ်ဒမီဆုရှင် မင်းသား ရန်အောင်က 'ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ' ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ယခုနှစ် ဆုပေးပွဲကို မည်သည့်နေရာတွင် ကျင်းပမည်ကို မသိရှိရသေးပါ။
ပြီးခဲ့သည့်နှစ်က စစ်အစိုးရ ရုံးစိုက်ရာ ကြတ်ပြေး နေပြည်တော်တွင် ကျင်းပခဲ့ရာ လုံခြုံရေး ထူထပ်စွာ ချခဲ့သည့် အပြင် ဆုပေးပွဲသို့ သွားရောက်သတင်းယူမည့် သတင်းသမားများကို ကြိုတင်စာရင်း ပေးခိုင်းခဲ့သည်။
မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ဘယ်သူတွေရမလဲ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment