ကွန်တိန်နာငှားရမ်းသော ကုမ္ပဏီများ တွက်ခြေမကိုက်

Tuesday, December 16, 2008 ·

သတင်း မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပပို့ကုန် လုပ်ငန်းများတွင် အသုံးပြုသော ကုန်ပစ္စည်းတင် ကွန်တိန်နာ သေတ္တာများ ငှားရမ်းခ ဈေးနှုန်းများ နိုဝင်ဘာလမှ စတင်ကာ သိသာစွာ ကျဆင်းလာခဲ့သည်။

၂၀၀၈ နှစ်ဦးပိုင်းက ဒေါ်လာ ၇၅၀ အထိ ပေးဆောင်ရသည့် ခရီးစဉ်ကွန်တခုကို ယခုအခါတွင် ဒေါ်လာ ၅၀၀ သို့ ကျဆင်းသွားပြီး ဒေါ်လာ ၁၃၀၀ အမြင့်ဆုံးထိ ပေးခဲ့ရသော ခရီးစဉ်ကို ယခုအခါ ဒေါ်လာ ၇၀၀ ဖြင့် ပေးချေ၍ ရလာသည်။

"ကုန်ပို့ရမှာတွေကလည်း ရှိနေတယ်။ ဈေးက တအားထိုးကျသွားတော့ အရှုံးပေါ်လည်း သွားနေရတယ်။ ကုမ္ပဏီကြီးတွေမှာက မသိသာပေမယ့် လုပ်ငန်းသေးလေးတွေက တချို့ နားရမယ့် အခြေအနေထိ ဖြစ်နေတယ်" ဟု ကွန်တိန်နာ သေတ္တာငှားရမ်းမှုကို လုပ်ဆောင်နေသော ကုမ္ပဏီကြီးတခုမှ ဈေးကွက်မန်နေဂျာ တဦးဖြစ်သူ မအိအိက မဇ္ဈိမကို ပြောပြသည်။

သူမ၏ လုပ်သက် ၆ နှစ်တာ သက်တမ်းအတွင်း အနိမ့်ဆုံး ကျဆင်းသွားသော ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။

"ကျမတို့ဆို စင်္ကာပူအထိဆိုရင် အရင်က ၂၅၀၊ ၃၀၀ လောက်မျိုး ရှိပြီး အခုက ၁၅၀ လောက်နဲ့တင်ကို သွားရတာတွေ ဖြစ်သွားတယ်တော့ ထက်ဝက်လောက်ကို ရှုံးတာ" ဟု သူမက ဆက်ပြောသည်။

ယခုလို ကျဆင်းမှုသည် ပြည်ပ ပို့ကုန်လုပ်ငန်းတွင်သာမက ပြည်ပမှ မြန်မာပြည်သို့ တင်သွင်းသော ကုန်သေတ္တာငှားခများလည်း ကျဆင်းလျက်ရှိသည်။

ပြည်ပသို့ တင်ပို့သော ကုန်သေတ္တာအရေအတွက် သိသာစွာ ကျဆင်းသွားခြင်းကြောင့် ကွန်တိန်နာ အငှားကုမ္ပဏီများ ဈေးနှုန်းချ လုပ်ဆောင်လာရခြင်း ဖြစ်သည်။

"ကျနော်တို့အနေနဲ့ အရင်က တရက်တရက်ကို မရှိဘူးဆို ကွန်တိန်နာ ၉ လုံးကနေ ၁၀ လုံးပေါ့။ အခုကတော့ စင်္ကာပူကို တနေ့နေမှ ၃-၄ လုံးပဲ ရှိတော့တယ်" ဟု စင်္ကာပူသို့ အဓိကတင်ပို့မှု ၀န်ဆောင်မှုပေးသော လုပ်ငန်းတခုမှ မန်နေဂျာက ပြောပြသည်။

အောက်တိုဘာ- ဒီဇင်ဘာ ကာလသည် ပြည်ပကုန်တင်ပို့ရမှု နည်းမှုမှာ ထုံးစံဖြစ်သော်လည်း ယခုနှစ် ကျဆင်းမှုသည် အဆိုးဆုံးဖြစ်သည်ဟု ကုန်သေတ္တာ ငှားရမ်းလုပ်ငန်းများက တညီတညွတ်တည်း ပြောကြသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဂယက်များနှင့် ကွန်တိန်နာ သေတ္တာများ အဓိက ငှားရမ်းအသုံးပြုရသော ပို့ကုန်များ ဖြစ်သည့် ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်နှင့် သစ်တောထွက် အချောထည်များ တင်ပို့မှုများ ကျဆင်းလာမှုနှင့်အတူ ယခုနှစ်နှောင်းပိုင်းတွင် ကွန်တိန်နာ သင်္ဘောလိုင်းများလည်း တိုးလာမှုကြောင့် ဖြစ်နိုင်သည်ဟု ကွန်တိန်နာအငှား လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ပြည်ပတင်ပို့သည့် ကုန်သေတ္တာများကို ရန်ကုန်မြစ်ဝရှိ အကြီးဆုံး ကုန်တင်ဆိပ်ကမ်းတခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းနှင့် ရန်ကုန်နှင့် ကြည့်မြင်တိုင် ကုန်တင်ဆိပ်ကမ်းများမှ အိန္ဒိယ၊ စင်္ကာပူ၊ တရုတ်၊ ကိုရီးယားနှင့် သြစတြေးလျားနိုင်ငံ ဆိပ်ကမ်းများကို ပို့ဆောင်ပြီး ထိုမှ၊ တင်ပို့လိုသည့် နိုင်ငံသို့ တဆင့် တင်ပို့ကြသည်ဟု သိရသည်။

(ရန်ကုန်မှ မဇ္ဈိမ သတင်းထောက် ပေးပို့ပြီး ဇာနည်ဖြည့်စွက် တင်ပြသည်)

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */