မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

Tuesday, December 23, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူး တော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်း ဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင် ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီ ကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */