ထိုင်း (လ၀က) မှ အသက်ရှင်ကျန်ရစ်နေသည့် မြန်မာအလုပ်သမားများကို ထိန်းသိမ်းထား

Friday, December 19, 2008 ·

သတင်း လွတ်လပ်သောမွန်သတင်း အေဂျင်စီ | လွန်ခဲ့သော တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် ကားတိုက်မှုတွင် အသက်ရှင်ကျန်ရစ်သူ ၈ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကန်ချနဘူရီ ရဲစခန်းက ပြောသည်။

မြန်မာအလုပ်သမား ၆ ဦးကို ကားတိုက်မှုဖြစ်ပွားခဲ့သည့် နေရာတွင်ဖမ်းမိပြီး ဒဏ်ရာရသည့် အလုပ်သမား ၂ ဦးကို ထိုနေ့၌ပင် ဆိုင်ယွတ်ဆေးရုံကို ပို့လိုက်ပြီး ညနေပိုင်းတွင် ကန်ချနဘူရီမှ ရဲတွေက လာခေါ်ဆောင် သွားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကို ပို့လိုက်သည်ဟု ဆိုင်ယွတ်ဆေးရုံမှ အရာရှိတစ်ဦးက ပြောသည်။

"ဒီအလုပ်သမားတွေကို မြန်မာပြည်သို့ မကြာခင်ပြန်ပို့ပေးလိုက်မယ် ဒါပေမယ့် ဘယ်နေ့လဲဆိုတော့ တိတိကျကျ မပြောနိုင်သေးဘူဟု" ကန်ချနဘူရီ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အလုပ်သမားများမှာ မွန်နှင့် ကရင်တိုင်းရင်းသားများဖြစ်ကြပြီး အသက် ၁၈ နှင့် ၄၀ ဝန်းကျင်ခန့်အကြား ရှိကြသည်။ တရားမဝင်အလုပ်သမား ၁၅ ဦးကို တင်ဆောင်လာသောကားသည် ထိုင်းတာဝန်ရှိရဲများ နောက်မှလိုက်လံ ဖမ်းဆီးမည်ကို စိုးရိမ်ပြီး ကားကိုအရှိန်ပြင်းစွာ မောင်းနှင်သည့် အတွက်ကြောင့် မှောက်သွားရာမှ အလုပ်သမား ၇ ဦး နှင့် ထိုင်းကားမောင်းသမားတစ်ဦး သေဆုံးသွားခဲ့သည်။

ဘုရားသုံးဆူဒေသရှိ ပွဲစားတစ်ဦး၏ ပြောပြချက်အရ "ပွဲစားတွေကတော့ သူတို့ဒီအမှုထဲမှာ် မပါဘူးဟု အားလုံးကငြင်းနေကြတယ်" ဟု ပြောသည်။

ကားမှောက်သေဆုံးသွားခဲ့သည့် မြန်မာအလုပ်သမားများသည် လွန်ခဲ့သော ၄ ရက်ခန့်က ထိုင်းနိုင်ငံ နယ်စပ် ဒေသ ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်ဒေသမှ ထွက်ခွာလာခဲ့ပြီး ဘန်ကောက်မြို့သို့ သွားရောက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ ၄င်းအလုပ်သမား အုပ်စုမှာ ၃၆ ယောက်ရှိပြီး ၁၈ ယောက်မှာ ဘန်ကောက်မြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */