နေပြည်တော်တွင် တရုတ်သံရုံးအတွက် မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား

Tuesday, December 16, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများ အတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့်မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါက မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့်အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထား ရသည်ဟု စုံစမ်းသိရသည်။

မြန်မာစစ်အစိုးရက ပေကျင်းတွင် သံရုံးဖွင့်ထားသည့်အပြင် ကူမင်း၌လည်း မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ထားသည့် အတွက် မြန်မာစစ်ခေါင်းဆောင်များဘက်က အပြန်အလှန် လိုက်လျောခဲ့ခြင်းဖြစ်နိုင်သည်ဟု သံတမန်တဦးက ယူဆသည်။ ကူမင်းမြန်မာကောင်စစ်ဝန်ရုံးအပြင် ရွှေလီ၌လည်း နောက်ထပ် မြန်မာကောင်စစ် ၀န်ရုံးသစ် ဖွင့်ရန်အလားအလာရှိသော်လည်း မသေချာသေးဟု နိုင်ငံခြားရေး အရာထမ်းတဦးက ပြောသည်။
သို့သော် တရုတ်သံရုံး မည်သည့်အချိန် နေပြည်တော် စတင်ပြောင်းမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ရန်ကုန်အနောက်တိုင်း သံတမန်တဦးအား နေပြည်တော် ပြောင်းရွှေ့ရန် ရှိမရှိ ခေတ်ပြိုင်ကမေးရာ “နိုက်ဂျီးရီးယား နိုင်ငံ စစ်အစိုးရလက်ထက်တုန်းကလည်း အဘူဂျာမြို့တော်သစ်ကို ပြောင်းတော့ စစ်အာဏာရှင် ရှိနေသမျှ မြို့တော်သစ်ကို မပြောင်းဘူးလို့ လေးဂို့စ်မြို့က နိုင်ငံခြားသံရုံးတွေ ဆုံးဖြတ်ခဲ့ပြီး သံရုံးအဆင့်အတန်း လျှော့ချခဲ့တဲ့ သာဓကရှိပါတယ်” ဟုသာ ဖြေကြားခဲ့သည်။

အမေရိကန်သံရုံးကမူ နေပြည်တော် မပြောင်းဘဲ ရန်ကုန်မြို့တွင်သာ ဆက်လက်ရုံးစိုက်သွားမည်ဟု ပြောထားသည့် အတွက် ကျန်အနောက်တိုင်း သံရုံးများလည်း အမေရိကန်သံရုံးနည်းတူ ရန်ကုန်တွင်သာ ဆက်နေမည့် အလားအလာရှိသည်။

မြန်မာစစ်အစိုးရသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန (၃၀) ကို ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခု အောက်တိုဘာမှ ၂၀၀၆ ခု ဧပြီထိ (၆) လအတွင်း စစ်သုံးယာဉ် (၃,၉၀၃) စီးနှင့် ပြောင်းရွှေ့ခဲ့သည်။ မူလက ၂၀၀၆ ခု မေလ (၂၀) ရက်နေ့အပြီး ၀န်ကြီးဌာနများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂၀၀၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း နောက်ထပ် စစ်သုံးယာဉ် (၁,၃၃၆) စီးဖြင့် ကျန်ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ပေးခဲ့ရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */