သတင်း ဆလိုင်းပီပီနှင့် မုံပီး မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ အမည်မသိ သေနတ်သမားတဦးက မဏိပူပြည်နယ်မှ အိန္ဒိယ နိုင်ငံသား တဦးကို ပြီးခဲ့သည့် စနေနေ့က မြန်မာပြည်အနောက်မြောက်ပိုင်းရှိ ကလေးမြို့တွင် ငှားရမ်း ထားသည့် နေအိမ်အတွင်း ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ရဲက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ ပင်လုံရပ်ကွက်အတွင်းရှိ စိန့်မေရီကသလစ် ဘုရားရှစ်ခိုးကျောင်းအနီးတွင် အိမ်ငှားရမ်းထားသည့် မဏိပူရီအမျိုးသားတဦးသည် ယခုလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။
''စနေနေ့မှာ မဏိပူရီတယောက် ပစ်သတ်ခံရတယ်ဆိုတာ မှန်ပါတယ်'' ဟု ကလေးမြို့ရဲစခန်းမှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
သို့သော်လည်း သူက ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။
''ကျနော်တို့ကြားတာက ပွင့်နေတဲ့ ပြူတင်းပေါက်ကနေ သေနတ်သမားက ပစ်သွားတာပါ။ ပြီးတော့ မော်တော် ဆိုင်ကယ်တစီးနဲ့ ထွက်ပြေးသွားတယ်တဲ့။ ကျည်ဆံက သူ့ရင်ဘတ်ကိုထိပြီး သေသွားတာတဲ့'' ဟု အခင်း ဖြစ်ပွားရာ ရပ်ကွက် အတွင်းရှိ ဒေသခံတဦးက ပြောသည်။
သေဆုံးသူ မဏိပူရီအမျိုးသားသည် လွန်ခဲ့သည့် ၃ လခန့်က ယခုနေအိမ်သို့ ပြောင်းရွှေ့လာခဲ့သော်လည်း ပတ်ဝန်းကျင်နှင့် အနီးငယ်သာ ဆက်ဆံခဲ့ကြောင်းနှင့် သူ့အလုပ်အကိုင်၊ အမည်၊ တရားဝင် နေထိုင်မှု အဆင့်အတန်းကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ကြောင်း အိမ်နီးနားချင်းများက ပြောသည်။
တရပ်ကွက်ထဲတွင် နေထိုင်သူကလည်း မဏိပူရီအမျိုးသားသည် အိန္ဒိယအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်ဖြစ်ကာ၊ မြန်မာနိုင်ငံအတွင်း အခြေစိုက် လှုပ်ရှားနေသည်ဟု ပြောသည်။
သူသည် မြန်မာစစ်အရာရှိများနှင့် အချိပ်အဆက်လုပ်ရန်အတွက် ကလေးမြို့တွင် အခြေချနေထိုင်ကာ လက်နက်နှင့် ခဲယမ်းမီးကျောက် ၀ယ်ယူနေသူဖြစ်သည်ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့သဖြင့် အမည် မဖော်လိုသူ သတင်းရပ်ကွက်တခုက ပြောသည်။
အိန္ဒိယလက်နက်ကိုင် သူပုန်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် အထောက်အကူ ပေးနေသည့် မြန်မာစစ်တပ်နှင့် သူ၏ အဆက်အသွယ်ကြောင့် ကလေးမြို့တွင် အိမ်တလုံး ငှားရမ်းနေထိုင်နိုင်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။
နိုင်ငံတကာ နယ်စပ်မျဉ်းတလျှောက် ကူးလူးဖြတ်သန်းကာ လက်နက်မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်နေသည့် အခြား သတင်းရပ်ကွက်တခုကမူ လက်နက်နှင့် ခဲယမ်းမီးကျောက် ထောက်ပံ့နိုင်ရေးအတွက် မြန်မာနိုင်ငံကို အရှေ့မြောက် အိန္ဒိယသူပုန်အများအပြားသည် အားကိုးအားထား ပြုရသည်ဟု ပြောသည်။ သူတို့သည် အစောပိုင်းတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှနေ၍ လက်နက်များ ၀ယ်ယူရန်အတွက် သယ်ယူလာမည့် လက်နက်မှောင်ခိုများကို စောင့်ဆိုင်းခဲ့ရသည်။
သို့သော်လည်း ၂၀၀၂ ခုနှစ် အစောပိုင်းကတည်းက မဏိပူရီ သူပုန်များကို မကြာခဏဆိုသလို မြန်မာနိုင်ငံ ဒုတိယမြို့တော် မန္တလေးတွင် မြင်တွေ့ရကြောင်းနှင့် သူတို့သည် တရုတ်နိုင်ငံ နယ်စပ်မြို့ ရွှေလီနှင့် ဆက်သွယ် နေကာ လက်နက်များကို ကိုယ်တိုင်သယ်ယူနေကြသည်။
''တမူးနဲ့ ကလေးလို နယ်စပ်မြို့တွေမှာ မဏိပူရီသူပုန်တွေ အများကြီး နေထိုင်နေတယ်။ သူတို့ဟာ မြန်မာစစ်တပ် အရာရှိတွေနဲ့ ဆက်သွယ်ဖို့ နေထိုင်သူတွေပါ။ လက်နက် အရောင်းအ၀ယ် လုပ်နေသူတွေလည်း ဖြစ်တယ်'' ဟု သတင်းရပ်ကွက်က ဆက်ပြောသည်။
လက်နက်မှောင်ခိုသမားဟောင်းက ''တချို့ သူပုန်အရာရှိတွေက ဒေသခံ အမျိုးသမီးတွေကို လက်ထပ်တာမျိုး ရှိတယ်။ သူတို့က လက်နက်နဲ့ ခဲယမ်းမီးကျောက် မှောင်ခိုစီးပွားရေး လုပ်ကြတယ်'' ဟု ပြောသည်။
ကလေးမြို့တွင် တရုတ်နိုင်ငံထုတ် AK 47 လက်နက်တလက်ဆိုလျှင် ကျပ်ငွေ တသန်းခွဲ (အမေရိကန်ဒေါ်လာ ၁၁၀၀ ခန့်) ပေါက်ဈေးသာရှိပြီး၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ပြန်လည်ရောင်းချပါက အိန္ဒိယရူပီးငွေ ၂ သိန်းရှိကာ လက်နက်အရောင်းအ၀ယ်သည် အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းဖြစ်သည်ဟု သူက ဆိုသည်။ (အိန္ဒိယ-မြန်မာ လက်ရှိ ငွေလဲနှုန်းမှာ တရူပီးလျှင် ၂၅ ကျပ်ပေါက်ဈေးရှိသည်။)
၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် အစောပိုင်းကာလက မဏိပူရီ သူပုန်များသည် တမူးမြို့နယ်အတွင်းရှိ သစ်တောများ အနီးတွင် နေထိုင်နိုင်ခဲ့သော်လည်း၊ ယခုအခါ ကလေးမြို့ကဲ့သို့ အလှမ်းဝေးသည့်နေရာများ၌ပင် မြင်တွေ့နေရကြောင်း မဇ္ဈိမ၏ သတင်းရပ်ကွက်များက ပြောသည်။
တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှ မိုရေးမြို့နှင့် နယ်စပ်ချင်း ထိကပ်နေသည့် မြို့ဖြစ်သည်။ မြို့တွင်း၌ မြန်မာတပ်ရင်းတခုရှိသည့် ကလေးမြို့မှာမူ တမူးမြို့အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ဤမြို့သည် မန္တလေးနှင့် ရန်ကုန် အပါအ၀င် မြို့ကြီးများနှင့် လေကြောင်းသာမက ကုန်းလမ်းနှင့်ပါ သွားရောက်နိုင်ရန် ဆက်သွယ်ထားသည်။
ကလေးမြို့တွင် အိန္ဒိယနိုင်ငံသားတဦး သေနတ်နှင့် ပစ်သတ်ခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment