၂၀၀၉ တွင် အနောက်ဖိအား ပိုများလာနိုင်

Friday, December 26, 2008 ·

သတင်း ကိုစိုး ဧရာဝတီ | မြန်မာ စစ်အစိုးရကို လာမည့် ၂၀၀၉ ခုနှစ်တွင် အနောက် နိုင်ငံများက ပိုမို ဖိအား ပေးလာ နိုင်ဖွယ်ရှိကြောင်း ဧရာဝတီက ရရှိထားသော ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်း မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံခြားရေး ၀န်ကြီးဌာသို့ ပေးပို့သည့် လျှို့ဝှက် အစီရင်ခံစာအရ သိရသည်။


လုံခြုံရေးကောင်စီ အစည်းအဝေးတခုတွင် ဆွေးနွေးပြောဆိုနေသော သံအမတ်ကြီး ဦးကျော်တင့်ဆွေ (ဓာတ်ပုံ - ရိုက်တာ)
အဆိုပါ အစီရင်ခံစာတွင် အနောက် နိုင်ငံများ အနေနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဆက်လက် ဖိအားပေးသွားရန် အလားအလာ ရှိသည်ဟု ဦးကျော်တင့်ဆွေ က တင်ပြထားခြင်း ဖြစ်သည်။

လာမည့် ဇန်န၀ါရီ လဆန်းမှ စပြီး အင်ဒိုနီးရှား နိုင်ငံ နေရာတွင် ဂျပန်နိုင်ငံကို လည်းကောင်း၊ တောင် အာဖရိက နေရာတွင် ယူဂန္ဓာ နိုင်ငံကို လည်းကောင်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်များ အဖြစ် အစားထိုး ၀င်ရောက် လာမည်ဖြစ်သောကြောင့် လုံခြုံရေး ကောင်စီတွင် အနောက် နိုင်ငံများအတွက် ပိုမို အားကောင်းလာမည် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့အပြင် အနောက် နိုင်ငံများက ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေး ကောင်စီတွင် ဆွေးနွေးခြင်း၊ သဘာပတိ ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်လာ နိုင်ကြောင်း၊ ယင်းကြိုးပမ်းမှု မအောင်မြင် ပါက ဇန်န၀ါရီလ နောက်ပိုင်း ပိုမို ဖိအားပေးမှုများ ပြုလုပ်လာရန် အလားအလာ ရှိကြောင်းလည်း ဦးကျော်တင့်ဆွေက အစီရင်ခံစာတွင် ရေးသားထားသည်။

ဦးကျော်တင့်ဆွေက မြန်မာအစိုးရ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ပူးပေါင်း ဆောင်ရွက်မှု ပြသနိုင်ပါက အနောက် နိုင်ငံများ၏ နားလည် လက်ခံမှုကို မရနိုင်သော်လည်း မြန်မာအစိုးရဘက်မှ ရပ်တည်ပေးနေသော တရုတ်၊ ရုရှ၊ ဗီယက်နမ်နှင့် တောင်အာဖရိကရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ရပ်တည် ထောက်ခံမှုကို ဆက်လက် ရရှိနိုင်ကြောင်းလည်း သုံးသပ်ပြသည်။

အဆိုပါ အစီရင်ခံစာသည် ဒီဇင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ “မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ” အစည်းအဝေး နောက်ပိုင်း ထွက်ပေါ်လာသည့် အစီရင်ခံစာ ဖြစ်သည်။

“မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ” အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးကျော်တင့်ဆွေ အပါအ၀င် ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ဒု မြန်မာ သံအမတ် ဦးသန်းဆွေ၊ ပထမ အတွင်းဝန် ဦးတင်မောင်နိုင်တို့အား ကုလသမဂ္ဂ အထူးကိုယ် စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက ၎င်း၏ ရုံးခန်းတွင် ဖိတ်ခေါ်တွေ့ဆုံ၍ အသိပေး ပြောကြားခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းက ယင်း “မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ” အစည်းအဝေးကို ခေါ်ယူရခြင်းမှာ အဖွဲ့ဝင်နိုင်ငံ တချို့သာမက နိုင်ငံတကာ ခေါင်းဆောင်ဟောင်း ၁၁၂ ဦး နှင့် အာရှ (၈) နိုင်ငံမှ လွှတ်တော် အမတ်များ၏ စာရေးသား ဖိအားပေးမှုအပေါ် စိုးရိမ်မှုအရ ဖြစ်သည်ဟု မစ္စတာ ဂန်ဘာရီက မြန်မာ သံအမတ်များကို ရှင်းပြကြောင်း ယင်း အစီရင်ခံစာတွင် ပါရှိသည်။

“မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ” တွင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတေးလျ၊ နော်ဝေးနှင့် အီးယူ နိုင်ငံများ ပါဝင်သည်ဟု ဆိုသည်။

အစီရင်ခံစာအရ မစ္စတာ ဘန်ကီမွန်း အနေနှင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တိုးတက်ခြင်း နည်းပါးသည့် အပေါ် စိတ်ပျက်မှု ရှိသည်ဟု မစ္စတာ ဂန်ဘာရီက မြန်မာ သံအမတ်များကို ပြောကြားကြောင်း သိရသည်။

ထိုသို့ စိတ်ပျက်သည့် အတွက် မြန်မာ့ရေး ဆောင်ရွက်နေမှုကို မစ္စတာ ဘန်ကီမွန်းက ခေတ္တ ဆိုင်းငံ့ထားရန် ပြောကြားချက်ကို တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများက ပြင်းထန်စွာ ကန့်ကွက်၍ ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည် ဟုလည်း မစ္စတာ ဂန်ဘာရီက ဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ မြန်မာ့အရေး ဆောင်ရွက်မှုအပေါ် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံများက အပြင်းထန်ဆုံး ဝေဖန်ပြောဆို ကြကြောင်းလည်း သိရသည်။

အစီရင်ခံစာတွင် အမေရိကန် အစိုးရအသစ် တက်ရန်ရှိသောကြောင့် ယခုအချိန် အတောအတွင်း မြန်မာ့အရေး တိုးတက်ဖြစ်ပေါ်မှုများ ရှိပါက ယင်း အမေရိကန် အစိုးရသစ်သည် မြန်မာနိုင်ငံအပေါ် ထားရှိသော ရပ်တည်ချက် ပြောင်းနိုင်သည်ဟု မစ္စတာဂန်ဘာရီ၏ ပြောကြားချက်ကို ရေးသားထားသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်၊ ရုရှ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့က မြန်မာဘက်မှ ရပ်တည်နေ ခြင်းကြောင့် လုံခြုံရေး ကောင်စီတွင် မြန်မာ အစိုးရကို အရေးယူရန် အနောက် နိုင်ငံများ၏ ကြိုးပမ်းမှုသည် အောင်မြင်မှု မရှိကြောင်းလည်း ယင်း အစီရင်ခံစာတွင် ပါရှိသည်။

သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကလည်း မစ္စတာ ဘန်ကီမွန်း၏ မြန်မာ့အရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဆက်လက် အကောင်အထည် မဖော်နိုင်ရန် အနောက်နိုင်ငံများက နည်းမျိုးစုံဖြင့် စီစဉ်နေသည်ဟု စွပ်စွဲ ပြောဆိုထားသည်။

အထူးသဖြင့် မစ္စတာ ဂန်ဘာရီကို အမေရိကန်နှင့် ဗြိတိန် နိုင်ငံများက ၎င်းတို့ ပိုမိုသြဇာရှိမည့်သူနှင့် အစားထိုးရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ရုရှ နိုင်ငံအပါအ၀င် အာရှ နိုင်ငံများက မစ္စတာ ဂန်ဘာရီအား အပြည့်အ၀ ထောက်ခံ သောကြောင့် အောင်မြင်မှု မရှိကြောင်းလည်း ယင်း လျှို့ဝှက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */