မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

Thursday, December 25, 2008 ·

သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က လုယက်မှု၌ တရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည်။

လုယက်သူများ လက်ချက်ဖြင့် သေဆုံးသူများမှာ မူဆယ်မြို့ မန်မိုင်ရွာသား ကချင်အမျိုးသား ကိုခေါင်ဇယ် (ခ) လနုတ် (၃၈ နှစ်) နှင့် ခရစ်ယာန်ရပ်ကွက်မှ အိမ်ဖော် အမျိုးသမီးတို့ဖြစ်သည်။

''မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ မန်မိုင်ကနေ ကောင်းမှုကို ကလေးကျောင်း သွားပို့အပြန်မှာ ရေချောင်းလေး ရှိတယ်။ အဲဒီလမ်းမှာပဲ လူနှစ်ယောက်၊ ကုလားလိုလို လူတယောက်ပါတယ်၊ ခေါင်းကို ဒုတ်နဲ့ ရိုက်ထည့် လိုက်တယ်။ ခဏလေးပဲ အသက်ရှင်ပြီး သေသွားတယ်'' ဟု သေဆုံးသွားသူ ကိုခေါင်ဇယ်၏ ယောက်ဖက မဇ္ဈိမကို ပြောသည်။

လုယက်သူများက ဦးခေါင်းကို ရိုက်လိုက်ပြီးနောက် စီးလာသည့် မော်တော်ဆိုင်ကယ်ကို ယူသွားကြသည်။

ကျောင်းဆရာမ နှစ်ဦးက အခင်းဖြစ်ပွားမှုကို တွေ့မြင်ရသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်တိုင်သဖြင့် ရဲများ လာရောက်ခဲ့ကြောင်းနှင့် ထိုနေ့ ညနေပိုင်း၌ပင် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပြီး ယမန်နေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

အလားတူပင် ထိုနေ့ ည ၁၁ နာရီခန့်က ခရစ်ယာန်ရပ်ကွက်မှ နေအိမ်တအိမ်ကို လူတစုက မှောင်ရိပ်ခိုနေရာ အိမ်ဖော် အမျိုးသမီးတဦးက အိမ်သာတက်ရန် အိမ်အပြင်ထွက်စဉ် တွေ့ရှိအော်ဟစ်သဖြင့် လည်ပင်းကို ဓားဖြင့် ထိုးနှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

''နာမည်ကတော့ အတိအကျ မသိဘူး။ ဒီနေ့ပဲ သင်္ဂြိုဟ်တယ်။ အိမ်ဖော်အမျိုးသမီး လည်ပင်းကို ဓားနဲ့လှီးလို့ သွေးကြောပြတ် သေသွားတယ်။ အိမ်ကို လူကပ်ထားတာ၊ အိမ်သာအတက် လူတွေ့လို့ အော်တော့ အဲလို သတ်သွားတာ'' ဟု မူဆယ်ဒေသခံ နောက်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလို ခိုးဆိုးလုယက်မှုများသည် နေ့စဉ်နီးပါး ဖြစ်နေကြောင်း အဆိုပါ ဒေသခံကပင် ယခုလို ဆက်ပြောသည်။

''ဆိုင်ကယ် accident (မတော်တဆမှု) မပါဘူး။ အသတ်ခံရပြီး သေတာ။ ဒီရက်ပိုင်းအတွင်း ၃ လောင်းရှိပြီ။ ၁၀၅ မိုင်နဲ့ မူဆယ်ကြားထဲမှာ အေးဂျင့်တယောက် ဆိုင်ကယ်အလုခံရပြီး အသတ်ခံရသေးတယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီကြားထဲမှာ ခရစ်ယာန်ရပ်ကွက်မှာပဲ အိမ်တအိမ် အဖောက်ခံရပြီး ရွှေ ၂၀ ကျပ်သား ပါသွားသေးတယ်'' ဟု သူက ပြောသည်။

လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ မှုခင်းဖြစ်ပွားမှုများ သိသာစွာ တိုးပွားလာသော်လည်း ဒေသခံ ရဲတပ်ဖွဲ့က လက်သည်တရားခံများအား ဖမ်းဆီးနိုင်မှု မရှိလှကြောင်း ဒေသခံများက ဆိုသည်။

ယခုလို အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မူဆယ်ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */