သတင်း မဇ္ဈိမ | ချင်းမိုင်။ ။ မတည်မငြိမ်ဖြစ်နေသော နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံတွင်း ကျင်းပရန် ရည်ရွယ်ထားသော အာဆီယံ ထိပ်သီးအစည်းအဝေးကို မတ်လအတွင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ခဲ့သည်။
အာဏာရပါတီကြီး အပါအ၀င် ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီ ၃ ခုကို မဲလိမ်ခဲ့မှုများကြောင့် အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖျက်သိမ်းလိုက်ပြီးနောက် ၀န်ကြီးချုပ် ဆွမ်ချိုင်း ဝုန်းဆဝတ် မှာ အလိုအလျောက် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ နံပါတ် ၁ ဒုဝန်ကြီးချုပ်ဖြစ်သူ Chaovarat Chanweerakul က အိမ်စောင့်ကက်ဘိနက်အဖွဲ့ကို ဦးဆောင်သော ယာယီဝန်ကြီးချုပ်ဖြစ် တာဝန်ယူမည်ဟု ကြေညာလိုက်သည်။
သို့သော် ဒီမိုကရေစီရေး ပြည့်သူ့မဟာမိတ် (ပီအေဒီ)က ၀န်ကြီးချုပ်နှင့် အတူ ကက်ဘိနက်တဖွဲ့လုံး ရာထူးမှ နှုတ်ထွက်သွားရန် တောင်းဆိုသွားပြီး မလိုက်နာလျှင် လေဆိပ် ၂ ခုတွင် ဆန္ဒပြ ဆက်လက် ပြုလုပ်သွားမည်ဟု ကြေညာလိုက်သည်။
ပီအေဒီ ဦးဆောင်သော ဆန္ဒုပြသူများလည်း ထိုင်း၏ ပင်မလေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ်တို့တွင် ဆက်လက် ဆန္ဒပြနေဆဲဖြစ်သည်။
ကက်ဘိနက်အဖွဲ့ဝင် ၃၆ ယောက်တွင် ၂၂ ယောက်သာလျှင် ပါတီဖျက်သိမ်းခြင်းကြောင့် အလိုအလျောက် ရာထူး စွန့်လွှတ်ရသူများအဖြစ် အကျုံးဝင်ပြီး ကျန်သူများမှာ နောင်အစိုးရ ပေါ်ပေါက်လာသည်အထိ ရာထူးလက်ခံခွင့် ရှိသည်။
ကနဦးက အာဆီယံ ထိပ်သီးစည်းဝေးကို ဘန်ကောက်မြို့တွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီးနောက် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးလာမှုနှင့် လုံခြုံရေးကြောင့် နိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့သို့ပြောင်းရွှေ့ရန် စီစဉ်ထားခဲ့ပြီး ယခုတဖန် ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။
အာဆီယံ အစည်းအဝေးကို မြန်မာကိုယ်စားလှယ်များ အပါအ၀င် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်များနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားမှ ခေါင်းဆောင်များ ပါဝင်တက်ရောက်မှာ ဖြစ်သည်။
အာဆီယံ ထိပ်သီးအစည်းအဝေး မတ်လသို့ ရွှေ့ဆိုင်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment