ဘုရားကျောင်းနှင့် မိဘမဲ့များအတွက် ဂီတရန်ပုံငွေပွဲ ကျင်းပမည်

Monday, December 08, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ ဘုရားကျောင်းနှင့် မိဘမဲ့ကလေးများအတွက် မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော်များက ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲတရပ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ မနက်ဖြန်တွင် ကျင်းပသွားမည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ကွန်ပြူတာ ပလာဇာ၏ အနောက်ဘက်မှ တရုတ် ယူနန်ဘုံကျောင်း၌ အဆိုတော် ရင်ဂို၊ မေခလာ၊ ဘိုဖြူ၊ ကဗျာဘွဲ့မှူး၊ ထူးအယ်လ်လင်း၊ မီးမီးခဲနှင့် N ဆာလာက မနက်ဖြန် ညနေ ၆ နာရီမှ ည ၉ နာရီခွဲအထိ သီဆိုဖျော်ဖြေကြမည်။

"ကရင်နဲ့ ကချင်လူငယ်တွေက ရန်ကုန်ပြန်ရောက်ရင်တော့ ကိုယ့်ရဲ့ဘုရားကျောင်းအတွက် လှူတာတို့ပေါ့နော်။ ခရစ်စမတ်လက်ဆောင်၊ နောက် ရန်ကုန်မှာ မိဘမဲ့ကျောင်းလေးတွေ နည်းနည်းပါးပါး အလှူလေးတွေ ပေးနိုင်အောင်ပေါ့နော်။ လူငယ်တွေက အဲဒီလိုလုပ်တာပေါ့။ အဆိုတော်တွေကလည်း မတ္တာနဲ့ လာဆို ပေးကြတာပါပဲ" ဟု ဖျော်ဖြေပွဲကျင်းပရေးအတွက် ဆောင်ရွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ၀င်ကြေးအဖြစ် လက်မှတ်တစောင်လျှင် ထိုင်းဘတ်ငွေ ၁၅၀ နှုန်းဖြင့် ရောင်းချနေရာ ယခုထိ လက်မှတ် ၂၀၀ ခန့်ရောင်းပြီးဖြစ်သည်။

ယခုလ ၅ ရက်နှင့် ၆ ရက်နေ့ကလည်း မြို့တော် ဘန်ကောက်ရှိ ခရစ်ယာန်ကျောင်းသားများစင်တာ SCC တွင် နှစ်ရက်ကြာ ဖျော်ဖြေခဲ့ရာ လက်မှတ်တစောင်လျှင် ဘတ် ၃၀၀ မှ ၅၀၀ အထိ ရောင်းခဲ့ရာ တညလျှင် မြန်မာ ၃၀၀ ခန့် လာရောက်အားပေးခဲ့သည်။

ယခုနှစ် သြဂုတ်လအတွင်းက 'ချင်းပြည်နယ် အစာခေါင်းပါးမှု ဘေးသင့် ဒုက္ခသည်များအတွက် အလှူငွေ' အမည်ရှိ ဂီတပွဲကို ချင်းတိုင်းရင်းသူ အဆိုတော် ဆုန်သင်းပါရ်၊ စံပီး၊ ဇမ်နူးနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မီးမီးနှင့် မားဆောင်မ်တို့က ချင်းမိုင်တနေရာတွင် ဖျော်ဖြေခဲ့ကြသေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */