ရန်ကုန်မှာ ခွဲတန်းစနစ်နဲ့ လျှပ်စစ်မီး ပြန်ရပြီ

Thursday, December 11, 2008 ·

သတင်း မြင့်မောင် မဇ္ဈိမ | နယူးဒေလီ။ ။ ရန်ကုန်တွင် ရက်သတ္တတပတ်ခန့် လျှပ်စစ်မီး ပြတ်တောက်သွားရာမှ ယမန်နေ့က စတင်ကာ ပြန်ရလာသည်။

လျှပ်စစ်မီးဖြန့်ဝေသည့် စက်များကို မောင်းနှင်ရာ၌ လိုအပ်သည့်ဂက်စ်များ နည်းပါးနေသဖြင့် မြို့နယ်အများစုကို လွန်ခဲ့သည့် တပတ်ခန့်က လျှပ်စစ်မီးပေးဝေမှု လုံးဝရပ်ဆိုင်းခဲ့ရာမှ ယမန်နေ့က ပြန်ပေးနိုင်ခြင်း ဖြစ်သည်။

မြို့နယ်များကို ယခင်ကလို ၆ နာရီခြားတခါ လျှပ်စစ်မီး ပြန်ပေးနိုင်ပုံကို ရန်ကုန်တိုင်း သာကေတမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တိုင်တန်းရေးဌာနမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ယခုလို ပြောသည်။

သူက “အလှည့်ကျစနစ်နဲ့ (ယမန်နေ့) မနက် ၆ နာရီက စပေးတယ်။ ၆ နာရီခြားတခါ ပေးတယ်။ မြို့နယ်တိုင်းမှာ ခွဲတန်းစနစ်တွေ ရှိတယ်။ အလှည့်ကျ ပြန်ပေးနေပြီ” ဟု ပြောသည်။

စမ်းချောင်းမြို့မှ အိမ်ရှင်မတဦးက “ကျမတို့ဆီလည်း မီး လာပါတယ်။ အလှည့်ကျ သဘောမျိုးပေါ့။ မနက် ၆ နာရီလာရင် ညနေကနေ စပျက်တယ်။ ဟိုရက်ပိုင်းတွေက လုံးဝ မလာဘူး။ မနေ့မနက်က စလာတယ်” ဟု ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်ခဲ့စဉ်က အင်တာနက်ဆိုင်၊ စာရိုက်စာစီ၊ မိတ္တူကူးလုပ်ငန်းနှင့် ရုံးလုပ်ငန်း အများစုတွင် ဒီဇယ်၊ ဓာတ်ဆီသုံး မီးစက်များ သုံးစွဲခဲ့ရသဖြင့် ကျသင့်ငွေမှာ ပုံမှန်ထက် ဈေးတက်ခဲ့သည်။

ရန်ကင်းရှိ အင်တာနက်ဆိုင်မှ အမျိုးသမီးက “မီး ပြန်လာပြီလေ။ ကျမတို့ဆိုင်ကတော့ မီး လာလာ၊ မလာလာ ပုံမှန်ဈေးပါပဲ။ တချို့ဆိုင်တွေက မီးစက်မောင်းရရင် တိုးတောင်းတယ်။ မနက်ပိုင်း လာရင် ညနေပိုင်းမှာတော့ မလာဘူး။ အလုပ်လုပ်ရတာ တော်တော်လေးကို အခက်အခဲတွေ ရှိတယ်” ဟု ပြောသည်။

တာမွေမြို့မှ ဒေသခံတဦးကလည်း “မီးပျက်ရင်တော့ ရေ အခက်အခဲ ရှိတယ်။ မီးလာတဲ့ အခါကျရင် နည်းနည်း ဂရုစိုက်ပြီးတော့ တင်ထားရတာ ရှိတယ်။ မီးပျက်တဲ့အခါ ရေကို အောက်မှာ ဆင်းခပ်ရတယ်။ မီးလာတဲ့အချိန်ကို စောင့်ပြီး တင်ရတယ်။ ညမှဆိုရင်တော့ အိပ်ရေးပျက်အောင် စောင့်ရတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး “အိမ်က မီးစက်ရှိတော့ တော်သေးတာပေါ့။ အရင်တုန်းက ကိုယ့်မီးစက်လေးက နိုင်တာပေါ့။ အခု မီးစက်ကလည်း ခိုင်းတာကြာတော့ ကျနေတဲ့အတွက် မနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် မဂ္ဂါဝပ် ၉၆ဝဝ ဖြစ်သော်လည်း ဖြန့်ဖြူးသည့် အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးဌာန စာရင်းက ဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */